ဧရာဝတီတိုင်းမ်
ဩဂုတ် ၇ ရက်

ဧရာဝတီတိုင်း၊ မြန်အောင်ရေနံမြေတွင် ပြည်တွင်းကုမ္ပဏီများအစားထိုးလုပ်ကိုင်ကာ ရေနံအထွက်တိုးရေးအတွက် ကုမ္ပဏီနှစ်ခုထပ်တိုးလုပ်ဆောင်ခွင့်ရကြောင်းသိရသည်။

စစ်ကော်မရှင်လက်အောက်ရှိ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း( MOGE ) နှင့် HNA Myanmar Oil and Gas ကုမ္ပဏီ၊ Future Engineering and Gold, Mining ကုမ္ပဏီတို့ဖြင့် ယမန်နေ့ ဩဂုတ်လ ၆ ရက်နေ့တွင် နေပြည်တော်၌ လက်မှတ်ရေးထိုးကြောင်း စစ်ကော်မရှင်သတင်းဖော်ပြထားသည်။

ဧရာဝတီတိုင်း၊ ဟင်္သတခရိုင်၊ မြန်အောင်မြို့နယ်ရှိ မြန်အောင်ရေနံမြေဒေသတွင် IOR – 6 ဧရိယာ ၃ နှင့် ပြည်ဒေသ IOR – 4 ဧရိယာ ၁ တို့တွင် ရေနံထုတ်လုပ်ရန် HNA Myanmar Oil and Gas ကုမ္ပဏီက လုပ်ကိုင်ခွင့်ရထားပြီး ထွက်ရှိလာသည့်ထွက်ရှိလာသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့အပေါ် အပေါ်ခွဲဝေခံစားမည်ဖြစ်သည်။

ထို့ပြင် ရွှေပြည်သာဒေသ IOR – 7 ဧရိယာ ၂ အတွက် Future Engineering and Gold, Mining က ရေနံအထွက်တိုးရေးထုတ်လုပ်မည်ဖြစ်ကြောင်းဖော်ပြထားသည်။ စစ်ကော်မရှင်သည် တိုင်းရင်းသားလုပ်ငန်းများနှင့် ပူးပေါင်းပြီး ရေနံအထွက်တိုးရေးဆောင်ရွက်မည်ဖြစ်ပြီး ယင်းဒေသအတွက်လျှပ်စစ်မီး ထုတ်လုပ်ပေးနိုင်မည် ဖြစ်ကြောင်းပါဝင်သည်။

ထို့ပြင် မြန်အောင်ဒေသ IOR – 6 ရေနံတူးဖော်ရေးအတွက် Myanmar Kinsanar ကုမ္ပဏီကို ဇွန်လတွင် လုပ်ပိုင်ခွင့်ပေးထားသည်။ အဆိုပါလုပ်ကွက်များထဲမှ IOR – 7 ရွှေပြည်သာရေနံမြေတွင် ယခင်က နိုင်ငံခြားရင်းနှီးမြှပ်နှံမှုအဖြစ် Petronas Carigali Myanmar ၊ UNOG Pte နှင့် Pertoleum Myanmar ကုမ္ပဏီတို့ပူးပေါင်း ၂၀၁၄ ခုနှစ်တွင်စတင်တူးဖော်ခဲ့ကြောင်းသိရသည်။

ယင်းကုန်းတွင်းလုပ်ကွက်အမှတ် IOR – 7 ကို မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ၁၉၆၇ ခုနှစ်တွင်တွေ့ရှိပြီး စုစု ပေါင်း ရေနံတွင်း ၇၀ တူးဖော်ထုတ်လုပ်ခဲ့ကြောင်း MOGE ထံမှ သိရသည်။

ဓာတ်ပုံ – MOGE