ဧရာဝတီတိုင်းမ်
ဩဂုတ် ၇ ရက်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ လာမယ့်အပတ်မှာ တွေ့ ဆုံဖို့ ရည်ရွယ်နေတယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။

New York Times နဲ့ အခြားမီဒီယာတွေက အဆိုပါကိစ္စကိုသိရှိတဲ့ သတင်းရင်းမြစ်တွေကို ကိုး ကားပြီး ဗုဒ္ဓဟူးနေ့က ဖော်ပြခဲ့တာပါ။

ဒေါ်နယ်ထရမ့်က ပူတင်နဲ့ တွေ့ဆုံပြီးရင် ယူကရိန်းသမ္မတ ဇီလန်စကီး အပါအဝင် သုံးဉီး တွေ့ဆုံဖို့ ကြိုးပမ်းနေတယ်လို့ သတင်းတွေက ဆိုပါတယ်။

“သမ္မတ ဒေါ်နယ်ထရမ့်နဲ့တွေ့ဆုံလိုတဲ့ဆန္ဒကို ရုရှားနိုင်ငံက ဖော်ပြခဲ့ပါတယ်။ ပူတင်၊ ဇီလန်စ ကီး နှစ်ယောက်စလုံးနဲ့ တွေ့ဆုံဖို့ ဒေါ်နယ်ထရမ့်က လမ်းဖွင့်ထားပါတယ်” လို့ အိမ်ဖြူတော် ပြောရေး ဆိုခွင့်ရှိသူတစ်ဉီးက ပြောပါတယ်။

တွေ့ဆုံမှုတွေကို ဘယ်အချိန်မှာ ပြုလုပ်မယ်ဆိုတာကိုတော့ အဆိုပါ ပြောရေးဆိုခွင့်ရှိသူက မ ပြောပြခဲ့ပါဘူး။

ပူတင်၊ ဇီလန်စကီးတို့က ထိပ်သီးအစည်းအဝေးပြုလုပ်ဖို့ သဘောတူ မတူဆိုတာကို အိမ်ဖြူတော် မှာ သတင်းထောက်တွေရဲ့ မေးမြန်းချက်ကို “အခွင့်အရေးကောင်းတစ်ခု ရှိပါတယ်။ မကြာမီ တွေ့ဆုံမှု တစ်ခု ပြုလုပ်မှာပါ” လို့ ဒေါ်နယ်ထရမ့်က ဖြေကြားခဲ့ပါတယ်။

တွေ့ဆုံမယ့်နေရာနဲ့ပတ်သက်လို့ ဆုံးဖြတ်ချက် မချရသေးပေမယ့် လမ်းဆုံးသို့ရောက်ရှိဖို့ အလွန် ကောင်းမွန်သော အခွင့်အရေးတစ်ခု ရှိနေတယ်လို့ ၎င်းက ဆက်ပြောပါတယ်။

ယူကရိန်းနဲ့ အပစ်အခတ်ရပ်စဲဖို့နဲ့ အပစ်အခတ်ရပ်ဖို့ သဘောမတူပါက ရုရှားထံမှ ရေနံနဲ့ကုန် စည်တွေ ဝယ်ယူတဲ့တိုင်းပြည်တွေအပေါ် ဒုတိယအကြိမ် စည်းကြပ်ခွန်သတ်မှတ်ဖို့ ဒေါ်နယ်ထရမ့်က ရု ရှားကို ခြိမ်းခြောက်နေပါတယ်။

ကိုးကား – NHK
Ref; Trump-Putin meeting could take place as soon as next week, media report