
ဧရာ၀တီတိုင်းမ်
ဩဂုတ် ၇ ရက်
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းကာ ရုတ်တရက်မြေပြိုကျမှုကြောင့် ယမန်နေ့ ဩဂုတ် ၆ ရက်နေ့က မိသားစုလေးဦးအပါအဝင် ၁၁ ဦးသေဆုံးပြီး ပျောက်ဆုံးသူများ ရှိနေကြောင်းသိရသည်။
သံတောင်ကြီးမြို့ရှိ လူနေအိမ်များနှင့် ဥယျာဉ်ခြံမြေများရှိရာ တောင်ကုန်းမြေသည် ညသန်းခါင် အချိန်တွင် ရုတ်တရက်ပြိုကျမှုကြာင့် မိသားစုလေးဦးတစ်ပြိုင်နက်သေဆုံးခဲ့ပြီး ဥယျာဉ်ခြံမြေများ ထဲတွင်ပျောက်ဆုံးသူများရှိ နေကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။
” ညနှစ်နာရီခွဲ လူတွေ အိပ်မောကျနေချိန်မှာ တောင်ကုန်းမြေပြိုမူကတစ်ဆင့် သစ်ပင်ပေါ်ကျပြီး သစ်ပင်နဲ့ မြေစာတွေ အိမ်ပေါ်အကုန် ပြုံကျပြီး မိသားစုလေးဦးလုံး အသက်ပေးလိုက်ရပါတယ်။ အိမ်နေရာ မှာတော့ အိမ်တိုင်လေးရယ် မြေကွက် လပ်ပြင်လေးပဲကျန်ပါတယ် ” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
မြေပြိုမှုကြောင့် ထီးပူခီးကျေးရွာပတ်ဝန်းကျင်ရှိ ကျေးရွာသားများအားလုံးရွှေ့ပြောင်းနေထိုင်နေရကာ ဥယျာဉ်ခြံမြေအများအပြားဆုံးရှုံးခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
” တောင်ငူ – သံတောင်လမ်းအစပိုင်းမှာတင် အခြေအနေဆိုးပါတယ်။ ကူညီသူများပါ မတော်တဆ ပိတ်မိတဲ့ အခြေအနေဖြစ်ပါတယ်။ မြေပြင်ရှင်းလင်းရေးစတင်လုပ်ဆောင်နေပါတယ် ” ဟု Myanmar Rescue အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
တောင်ငူ – သံတောင်ကြီးအဓိက ကားလမ်းမကြီးမှာ မြေပြိုမှုကြောင့် လမ်းပိတ်နေကြောင်း၊ စစ်ကော်မရှင်က ဆက်သွယ်ရေးလိုင်းများဖြတ်တောက်ထားသဖြင့် ခက်ခဲလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။
သံတောင်ကြီးမြို့သည် ခရီးသွားမြို့တော်တစ်ခုဖြစ်ပြီး နော်ဘူဘောဆုတောင်းပြည့်တောင်၊ တိမ်ပင်လယ်၊ ရေတံခွန်စခန်းများရှိပြီး စစ်တပ်အာဏာမသိမ်းခင်အချိန်က ခရီးသွားဧည့်သည်များ လည်ပတ်မှုများသောမြို့ဖြစ်သည်။
ဓာတ်ပုံ – gaw hsar karean traditional clothes, Kyaw thu ya, လူမှုကွန်ရက်