
ဧရာဝတီတိုင်းမ်
ဩဂုတ် ၆ ရက်
၁၄ ပါးမြောက် ဒလိုင်းလားမားရဲ့ နေရာကိုဆက်ခံသူကို တရုတ်နိုင်ငံက အတည်ပြုရမယ်ဆိုတဲ့ တရုတ်အစိုးရရဲ့ရပ်တည်ချက်ကို တိဘက်ဆိုင်ရာ တရုတ်ကွန်မြူနစ်ပါတီ ကော်မတီ တာဝန်ရှိသူတစ်ဉီး က ထပ်လောင်းအတည်ပြုလိုက်ပါတယ်။
စက်တင်ဘာလ ၁ ရက်မှာကျရောက်မယ့် တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ထူထောင်မှု နှစ် ၆၀ ပြည့် နှစ်ပတ်လည်နေ့မတိုင်မီ ဒေသခေါင်းဆောင်တွေဟာ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။
ပြီးခဲ့သော ဆယ်စုနှစ်ခြောက်ခုအတွင်း အောင်မြင်မှုတွေကို တိဘက်ဒေသ တာဝန်ရှိသူတွေက ရှင်းပြခဲ့ပြီး ဒေသခံတွေရဲ့ဝင်ငွေဟာ အဆ ၂၀၀ နီးပါး တိုးလာခဲ့ကာ လမ်းမကြီးတွေ၊ မီးရထားလမ်းတွေ နဲ့ သယ်ယူပို့ဆောင်ရေးစနစ်တွေကို တည်ဆောက်ခဲ့တယ်လို့ ပြောပါတယ်။
တိဘက်ဒေသရဲ့ ဘာသာရေးခေါင်းဆောင်ဖြစ်တဲ့ ဒလိုင်းလားမားရဲ့ နေရာဆက်ခံသူကို တရုတ် ဗဟိုအစိုးရကသာ အတည်ပြုရမယ်လို့ တိဘက် ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ဒုတိယအမြင့်ဆုံး တာဝန်ရှိ သူက ပြောပါတယ်။
သူ့နေရာဆက်ခံသူကို အခြားသူတွေရဲ့ ကြားဝင်စွက်ဖက်မှုမပါဘဲ တိဘက်အစဉ်အလာကို အခြေ ခံပြီး ရွေးချယ်မယ်လို့ ပြီးခဲ့တဲ့လပိုင်း နှစ် ၉၀ ပြည့် မွေးနေ့မှာ ဒလိုင်းလားမားက ပြောကြားခဲ့ပါတယ်။
သူ ပျံလွန်ပြီးပါက ထေကြီးဝါကြီး ဘုန်းတော်ကြီးတွေနဲ့ အခြားသူတွေက သူ့နေရာဆက်ဆံသူကို ရွေးချယ်တဲ့စနစ် ဆက်လက်ကျင့်သုံးမယ်လို့ ဒလိုင်းလားမားက ဆိုပါတယ်။
တရုတ်နိုင်ငံက တိဘက်ဒေသမှာ လူထုအရေးတော်ပုံကို နှိပ်ကွက်မှုကြောင့် ဒလိုင်းလားမားဟာ ၁၉၅၉ ခုနှစ်မှာ အိန္ဒိယသို့ ထွက်ပြေးခဲ့ပါတယ်။
ကိုးကား – NHK
Ref; Chinese official in Tibet: Dalai Lama’s successor must be approved by Beijing