ဧရာဝတီတိုင်းမ်
ဩဂုတ် ၅ ရက်

ယူကရိန်းနဲ့ပဋိပက္ခမှာ ရုရှားက အပစ်အခတ်ရပ်စဲရေးကို သဘောတူဖို့ သောကြာနေ့ နောက်ဆုံး သတ်မှတ်ရက်မတိုင်မီ မော်စကိုမြို့တော်သို့ အထူးကိုယ်စားလှယ်တစ်ဉီး စေလွှတ်မယ့် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အကြံပြုချက်ကို ရုရှားသမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်ရှ်ကော့ဗ်က ကြိုဆိုမယ်လို့ ပြောပါတယ်။

အမေရိကန်သံတမန် စတိဗ်ဝှစ်ကော့ဖ်ကို မြင်တွေ့ရတာ အမြဲ ပျော်ရွှင်ရတယ်လို့ ၎င်းက တနင်္လာနေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။

ယူကရိန်းနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီဖို့ သတ်မှတ်ထားတဲ့ ဩဂုတ်လ ၅ ရက်မတိုင်မီ ဝှစ်ကော့ဖ်အား ရုရှားသို့ စေလွှတ်မယ်လို့ ဒေါ်နယ်ထရမ့်က ပြောပါတယ်။

ယူကရိန်းမှာ အကြမ်းဖက်မှုတေွ ရပ်စဲဖို့ တိုးတက်မှုရှိရေး ဝှစ်ကော့ဗ်က ဉီးဆောင်နိုင်ခြင်း ရှိ မရှိ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

တောင်းဆိုချက်တွေ မပြည့်မီပါက ယူကရိန်းနဲ့ အပစ်အခတ်ရပ်စဲရေးကို သဘောမတူဟု ရုရှား သမ္မတ ဗလာဒီမာပူတင်က ပြောပါတယ်။

ရုရှားသမ္မတဟောင်း ဒီမီထရီမတ်ဗီဒက်ဗ်ရဲ့ ရန်လိုသော ထုတ်ပြန်ချက်တွေကို လက်တုံ့ပြန်မှုအ ဖြစ် နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောနှစ်စင်းကို သင့်တော်သောဒေသသို့ စေလွှတ်ဖို့ ဒေါ်နယ်ထ ရမ့်ရဲ့ အမိန့်ပေးမှုကို ပက်ရှ်ကော့ဗ်က ရှုတ်ချခဲ့ပါတယ်။

ရုရှားနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒကို သမ္မတ ပူတင်လို နိုင်ငံ့အကြီးအကဲက ချမှတ်တယ်လို့ ၎င်းက ဆက်ပြောပါတယ်။

ကိုးကား – NHK
Ref; Russia welcomes Trump envoy’s visit to Moscow, Kremlin says