
ဧရာဝတီတိုင်းမ်
ဩဂုတ် ၅ ရက်
ယီမင်ကမ်းလွန်မှာ အီသီယိုးပီးယား ရွှေ့ပြောင်းအများစု တင်ဆောင်လာတဲ့ လှေတစ်စင်း နစ် မြုပ်ပြီးနောက် လူ ၇၆ ဉီးထက်မနည်း သေဆုံးခဲ့ပြီး ဒါဇင်နဲ့ချီ ပျောက်ဆုံးနေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
အေဒင်ပင်လယ်ကွေ့အတွင်း နစ်မြုပ်လှေမှ အလောင်း ၇၆ လောင်း တွေ့ရှိကာ ၃၂ ဉီးကို ကယ် ဆယ်ခဲ့တယ်လို့ ယီမင် လုံခြုံရေး တာဝန်ရှိသူတွေက ပြောပါတယ်။
လှေပေါ်မှာ လူ ၁၅၇ ဉီး ပါရှိတယ်လို့ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာရေးအ ဖွဲ့ (IOM) က ပြောပါတယ်။
ကြွယ်ဝချမ်းသာသော ပင်လယ်ကွေ့နိုင်ငံများသို့ ရောက်ရှိဖို့ မျှော်လင့်ချက်နဲ့ အာဖရိကတိုက်မှ ရွှေ့ပြောင်းတွေကို စက်လှေတွေနဲ့ လူကုန်ကူးတဲ့ နေရာတစ်ခုဖြစ်တဲ့ ယီမင်တောင်ပိုင်းမှာ ယခုဖြစ်စဉ် ဖြစ်ပွားခဲ့တာပါ။
၂၀၁၄ ခုနှစ်ကတည်းက ယီမင်နိုင်ငံမှာ ပြည်တွင်းစစ် ဖြစ်ပွားခဲ့ပေမယ့် လူမျိုးစု ပဋိပက္ခဖြစ်ပွား လျက်ရှိရာ အီသီယိုးပီးယားမှ ပုံမှန်မဟုတ်သော ရွှေ့ပြောင်းသွားလာမှုမှာ ယီမင်နိုင်ငံဟာ အဓိကကြားခံ နေရာတစ်ခု ဖြစ်ခဲ့ပါတယ်။
ဆော်ဒီအာရေးဘီးယားနဲ့ ယူအေအီးလိုမျိုး ရေနံပေါကြွယ်ဝတဲ့ ပင်လယ်ကွေ့တိုင်းပြည်များသို့ ရောက်ရှိဖို့နဲ့ အလုပ်အကိုင်ရှာဖွေဖို့ မျှော်လင့်ချက်တွေနဲ့ နှစ်စဉ် ထောင်နဲ့ချီတဲ့သူတွေဟာ ပင်လယ်နီမှ တစ်ဆင့် ဂျဘူတီမှ ယီမင်သို့ သွားရောက်ကြပါတယ်။
ပြီးခဲ့တဲ့လပိုင်းအတွင်း ယီမင်ကမ်းလွန်မှာ လှေတိမ်းမှောက်မှုတွေကြောင့် ရာနဲ့ချီတဲ့ ရွှေ့ပြောင်း တွေ သေဆုံး သို့မဟုတ် ပျောက်ဆုံးခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်က ပင်လယ်နီအတွင်း လှေတိမ်းမှောက်မှု သို့မဟုတ် နစ်မြုပ်မှုဖြစ်စဉ်ကြောင့် လူ ၅၅၈ ဉီး သေဆုံးခဲ့တယ်လို့ IOM က ပြောပါတယ်။
ကိုးကား – CBS News
Ref; Dozens dead, dozens more missing after migrant boat sinks off Yemen