ဧရာဝတီတိုင်းမ်
ဩဂုတ် ၄ ရက်

ကမ္ဘောဒီးယားနိုင်ငံနဲ့ နယ်စပ်တင်းမာမှုတွေ ဖြစ်ပွားနေစဉ် သံသယဖြစ်ဖွယ်ရာ ဒရုန်းတွေနဲ့ လူ စိမ်းတွေကို စောင့်ကြည့်ဖို့ ထိုင်းစစ်တပ်က အဖွဲ့အစည်းတွေနဲ့ ပြည်သူလူထုကို တပ်လှုန့်ထားပါတယ်။

ထိုင်းနိုင်ငံရှိ စစ်စခန်းတွေကို သူလျှိုလုပ်တဲ့ ဒရုန်းတွေ တွေ့ရှိခဲ့တယ်လို့ တော်ဝင်ထိုင်းလေတပ် ဖွဲ့က ပြောကြားခဲ့ပြီး ယင်းသို့သော ဒရုန်းတွေ မောင်းနှင်းတာဟာ သူလျှိုလုပ်မှုလို့ ယူဆရပြီး နိုင်ငံ့လုံခြုံ ရေးကို ခြိမ်းခြောက်နေတယ်လို့ ပြောပါတယ်။

သံသယဖြစ်ဖွယ်ရာ ဒရုန်းတွေ တွေ့ရှိပါက ဒေသန္တရ အစိုးရအဖွဲ့အစည်းတွေကို သတင်းပို့ကြဖို့ ထိုင်းလေတပ်ဖွဲ့က ပြည်သူလူထုကို တိုက်တွန်းထားပါတယ်။

ပြည်နယ်ခန်းမတွေ၊ အားကစားရုံတွေ၊ အမြောက်တပ်ဖွဲ့တွေ၊ ရဲစခန်းတွေ၊ ဘတ်စ်ကားဂိတ်တွေ နဲ့ လေဆိပ်တွေလိုမျိုး ပြည်သူပိုင်ဧရိယာတွေကို ကာကွယ်နိုင်ရေး ဒရုန်းဖျက်ကိရိယာတွေ ဝယ်ယူကြဖို့ ပြည်နယ်အုပ်ချုပ်ရေးမှူးတွေကို ပြောထားကြောင်း အမှတ် (၂) စစ်တိုင်း တပ်မှူး ဒုတိယဗိုလ်ချုပ်ကြီး ဘွန်စင်းပတ်ကလန်က ပြောပါတယ်။

လူစိမ်းတွေကို စောင့်ကြည့်ဖို့နဲ့ လူစိမ်းတွေဟာ အကြမ်းဖက်တိုက်ခိုက်မှုတွေ သို့မဟုတ် သူလျှိုမှု မှာ ပါဝင်မှု ရှိ မရှိ ဖော်ထုတ်ဖို့ ပြည်နယ်အာဏာပိုင်တွေကို ညွှန်ကြားထားတယ်လို့ ၎င်းက ဆိုပါတယ်။

ထိုင်းနယ်စပ်အနီး ကမ္ဘောဒီးယားစစ်တပ်ရဲ့ တပ်ဖြည့်တင်းမှုသတင်းတွေကြောင့် ထိုင်းစစ်တပ် ကို အသင့်အနေအထားရှိဖို့ ညွှန်ကြားထားတယ်လို့ သူက အတည်ပြုပါတယ်။

ကမ္ဘောဒီးယားစစ်တပ် စေလွှတ်တဲ့ဒရုန်းတွေ ထိုင်းပိုင်နက်နားရောက်ပါက ဖျက်ဆီးခံရမယ်လို့ ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဂျီရာယုဟောင်ဆပ်က ပြောပါတယ်။

ထိုင်း-ကမ္ဘောဒီးယား ပဋိပက္ခမှာ ထွက်ပြေးရသူတွေ နေရပ်ပြန်သွားပြီဖြစ်တာကြောင့် စစ်ရှောင် စခန်းအားလုံးကို ပိတ်သိမ်းလိုက်ပြီလို့ အမှတ် (၂) ဒေသ ပြည်နယ်ရဲတပ်ဖွဲ့ အကြီးအကဲ ရဲဒုတိယဗိုလ် ချုပ်ကြီး ယင်ယော့သစ်ချန်နောင်က ပြောပါတယ်။

ကိုးကား – Bangkok Post
Ref; Thailand on spy alert amid border tensions with Cambodia