ဧရာဝတီတိုင်းမ်
ဩဂုတ် ၄ ရက်

ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ရုရှားနဲ့ တရုတ်ရေတပ်ဖွဲ့တွေဟာ ဂျပန် ပင်လယ်ပြင်မှာ လေ့ကျင့်မှုတွေ ပြုလုပ်နေကြောင်း သိရပါတယ်။

ရုရှားသမ္မတဟောင်း ဒီမီထရီမတ်ဗီဒက်ဗ်ရဲ့ မှတ်ချက်စကားကို လက်တုံ့ပြန်သောအားဖြင့် နျူက လီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောနှစ်စင်း သင့်တော်သောဒေသသို့ စေလွှတ်ဖို့ အမိန့်ပေးခဲ့တယ်လို့ အ မေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပြီး နှစ်ရက်အကြာမှာ ရုရှားနဲ့တရုတ်က ပူးတွဲစစ်ရေး လေ့ကျင့်မှု ပြုလုပ်တာပါ။

ပူးတွဲ စစ်ရေးလေ့ကျင့်မှုမှာ ရုရှား ရေငုပ်သင်္ဘောဖျက် သင်္ဘောတစ်စင်းနဲ့ တရုတ်ဖျက်သင်္ဘော နှစ်စင်း ပါဝင်တယ်လို့ ရုရှားရေတပ် ပစိဖိတ်‌ရေယာဉ်စုက ပြောပါတယ်။

အင်္ဂါနေ့မှာပြီးဆုံးမယ့် ‘Maritime Interaction – 2025’ စစ်ရေး‌လေ့ကျင့်မှုမှာ ဒီဇယ်စွမ်းအင်သုံး ရေငုပ်သင်္ဘောတွေအပြင် တရုတ်ကယ်ဆယ်ရေးသင်္ဘောတစ်စင်း ပါဝင်တယ်လို့ သိရပါတယ်။

ရုရှားနဲ့တရုတ် ရေတပ်ဖွဲ့ဝင်တွေဟာ အမြောက်ပစ်ခတ်ခြင်း၊ လေကြောင်းရန်ကာကွယ်ရေးမစ် ရှင်တွေကို လုပ်ဆောင်မှာဖြစ်တဲ့အပြင် ပင်လယ်ပြင်မှာ ပူးတွဲ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးကိုလည်း ဆောင်ရွက်မှာဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်အတွင်း ရုရှားက ယူကရိန်းကျူးကျော်စစ် မပြုလုပ်မီ အကန့်အသတ်မရှိသော မဟာ ဗျူဟာမြောက် မိတ်ဖက်ဆောင်ရွက်မှုကို လက်မှတ်ရေးထိုးခဲ့တဲ့ ရုရှားနဲ့တရုတ်ဟာ နှစ်နိုင်ငံ တပ်ဖွဲ့တွေ ကြား ညှိနှိုင်းဆောင်ရွက်မှုနဲ့ ရန်သူတွေကို အချက်ပေးဖို့ စစ်ရေးလေ့ကျင့်မှုတွေ ပုံမှန် ပြုလုပ်ပါတယ်။

နျူကလီးယားလက်နက်ပိုင် အမေရိကန်နဲ့ရုရှားကြား စစ်ဖြစ်လာနိုင်မှုကြောင့် ရုရှားသမ္မတ ဟောင်း မတ်ဗီဒက်ဗ်ရဲ့ မှတ်ချက်စကားကို လက်တုံ့ပြန်သောအားဖြင့် ရေငုပ်သင်္ဘောနှစ်စင်း စေလွှတ်ဖို့ အမိန့်ပေးခဲ့တာလို့ ဒေါ်နယ်ထရမ့်က ပြောပါတယ်။

ရုရှားနဲ့အမေရိကန်ဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံး နျူကလီးယားတပ်ဖွဲ့ကို ပိုင်ဆိုင်ထားပြီး နျူ ကလီးယား ရေငုပ်သင်္ဘောတွေ ဖြန့်ကြက်မှုနဲ့ တည်နေရာကို ဆွေးနွေးဖို့ အလွန် ခက်ခဲပါတယ်။

ကိုးကား – Reuters
Ref; Russian and Chinese navies begin joint drills in Sea of Japan