
ဧရာဝတီတိုင်းမ်
ဩဂုတ် ၃ ရက်
ဧရာ၀တီတိုင်း၊ အင်္ဂပူမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် စစ်ကောင်စီတပ်မှ စစ်ရေးပြင်ဆင်မှုများ ပြုလုပ်နေသည့်အတွက် ဒေသခံများမှစိုးရိမ်နေကြကြောင်း သိရသည်။
အချို့ကျေးရွာများတွင် လက်နက်ကြီးများနေရာချခြင်း၊ စစ်သင်္ဘောများ ဆိုက်ကပ်ထားကာ ရွာအ၀င်အထွက်များကို စစ်ဆေးမှုများပြုလုပ်နေကြောင်းသိရသည်။
“ဧရာ၀တီမြစ်ဘေးက နံကပ်ကြီးရွာမှာ အမြှောက်ကြီး နှစ်လက် လာဆင်ထားတယ် ။ဒေသခံတွေက စိုးရိမ်နေကြတယ်”ဟု
ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။
စစ်ကောင်စီတပ် အင်အား ၇၀ ခန့်ပါသည့် စစ်ကြောင်းသည် ကျေးရွာများကို စစ်ကြောင်းထိုးစစ်ဆေးမှုများ ဆက်တိုက်ပြုလုပ်နေကြောင်းလည်း သိရသည်။
ပြီးခဲ့သည့် မတ်လအတွင်းက အင်္ဂပူမြို့နယ်၊ကွင်းကောက်မြို့နှင့် လေးမိုင်ခန့်အကွာတွင် အာရက္ခတပ်တော်AAပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများဆက်တိုက်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီမှ အင်အားဖြည့်တင်းမှုများ ပိုမိုလုပ်ဆောင်လာကြောင်းခြင်းဖြစ်သည်။
အဂ်ပူမြို့နယ်နှင့် လေးမျက်နှာမြို့နယ်အစပ်ရှိ ကျေးရွာများကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့်ဗုံးကြဲခြင်းအပြင် လက်နက်ကြီးများဖြင့် မကြာခဏပစ်ခတ်နေကြောင်း ဒေသခံများ၏ပြောကြားချက်အရသိရသည်။