ဧရာဝတီတိုင်းမ်
ဩဂုတ် ၃ ရက်

မြန်မာစစ်ကောင်စီသို့ လက်နက်နဲ့ အခြားအကူအညီတွေ ထောက်ပံ့နေတဲ့ စီးပွားရေးလုပ်ငန်း တွေကို ဒဏ်ခတ်ပိတ်ဆို့မှုစ ရုတ်သိမ်းလိုက်တဲ့အပေါ် မြန်မာနိုင်ငံဆိုင်ရာ အထူးအစီရင်ခံစာတင်ပြသူ သောမတ်အန်ဒရူးက ဝေဖန်ခဲ့ပြီး အဆိုပါလုပ်ရပ်ဟာ ယုတ္တိမတန်ဘူးလို့ ပြောပါတယ်။

အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ နိုင်ငံခြားပိုင်ဆိုင်မှုများ ထိန်းချုပ်ရေးရုံး (OFAC) မှ ဒဏ်ခိတ်ပိတ်ဆို့မှု ရုတ်သိမ်းလိုက်သူတွေဟာ ပြည်တွင်းမှာ လက်နက်တွေထုတ်လုပ်ဖို့ လေယာဉ်၊ စက်သေနတ်၊ စောင့်ကြည့်ရေးစနစ်နဲ့ ကုန်ကြမ်းတွေ ထောက်ပံ့တာလိုမျိုး မြန်မာစစ်ကောင်စီရဲ့ လက် နက်ကုန်သွယ်မှုကို ထောက်ကူပေးနေသူတွေလို့ ၎င်းက ထုတ်ပြန်ချက်တစ်ခုအတွင်း ရှင်းပြပါတယ်။

အဆိုပါလက်နက်တွေကို လူသားမျိုးနွယ်စုအပေါ် ရာဇဝတ်မှုနဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ရာ မှာ အသုံးပြုတယ်လို့ ၎င်းက ထောက်ပြခဲ့ပါတယ်။

တိုက်ခိုက်မှုတွေထဲမှာ အရပ်သားတွေ၊ ဆေးရုံတွေ၊ စာသင်ကျောင်းတွေ၊ ဘာသာရေးနေရာတွေ ကို စစ်ကောင်စီရဲ့ ပစ်မှတ်ထားတိုက်ခိုက်မှုတွေ ပါဝင်ပြီး အမေရိကန်နိုင်ငံရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရုတ် သိမ်းတာကို သောမတ်အန်ဒရူးက ရှုတ်ချခဲ့ပါတယ်။

အမေရိကန်နိုင်ငံက ယခင် အရေးယူခဲ့တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ မြန်မာစစ်ကောင်စီရဲ့ လက် နက်ရရှိနိုင်မှုကို ကန့်သတ်ရာမှာ အောင်မြင်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

၂၀၂၃-၂၀၂၄ ခုနှစ်မှာ မြန်မာစစ်ကောင်စီရဲ့ လက်နက်ရရှိမှုဟာ ၃၀ ရာခိုင်နှုန်းကျော် ကျဆင်း သွားခဲ့တယ်လို့ ၎င်းက ပြောပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအစောပိုင်းမှာ သမ္မတဟောင်း ဂျိုးဘိုင်ဒင် လက်မှတ်ထိုးခဲ့တဲ့ အမိန့်အ ရ မြန်မာစစ်တပ်ကို ပံ့ပိုးနေတဲ့ လူပုဂ္ဂိုလ်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို ဒဏ်ခတ်ပိတ်ဆို့ခဲ့တာပါ။

သမ္မတ ဒေါ်နယ်ထရမ့်က ဇူလိုင်လအစောပိုင်းမှာ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ထံ စာ တစ်စောင်ပေးပို့ကာ ကုန်သွယ်ရေး သဘောတူညီချက် အပြီးမသတ်ပါက စည်းကြပ်ခွန် ၄၀ ရာခိုင်နှုန်း သတ်မှတ်မယ်လို့ ခြိမ်းခြောက်ပြီးနောက် မြန်မာစစ်တပ်ကို ပံ့ပိုးနေတဲ့ လူပုဂ္ဂိုလ်တွေနဲ့ စီးပွားရေးလုပ် ငန်းတွေအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရုတ်သိမ်းမှုဖြစ်လာတာပါ။

ကိုးကား – Jurist
Ref; UN expert criticizes US rollback of Myanmar sanctions as ‘unconscionable’