ဧရာဝတီတိုင်းမ်
ဩဂုတ် ၂ ရက်

မြန်မာစစ်ကောင်စီရဲ့ နိုင်ငံတော် အရေးပေါ်အခြေအနေ ရုတ်သိမ်းတာကို အလွန် စိုးရိမ်ကြောင်း ဂျပန်နိုင်ငံက သောကြာနေ့မှာ ထုတ်ဖော်ပြောခဲ့ပြီး အထွေထွေ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှု ဟာ လက်ရှိ ပြည်တွင်းစစ် အဆုံးသတ်ရေး အောင်မြင်ဖို့အလားအလာကို ဟန့်တားစေမယ်လို့ ပြောပါ တယ်။

ထိန်းသိမ်းထားသူတွေကို လွှတ်ပေးတာနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကြား တွေ့ဆုံဆွေးနွေး တာလိုမျိုး နိုင်ငံရေး တိုးတက်မှုတွေ လုပ်ဆောင်ကြဖို့ ဂျပန် နိုင်ငံခြားရေးဝန်ကြီး တာကဲရှိအိုင်ဝါယာက ထုတ်ပြန်ချက်တစ်ခုအတွင်း မြန်မာစစ်ကောင်စီကို တိုက်တွန်းခဲ့ပါတယ်။

နိုင်ငံရေး တိုးတက်မှုမရှိဘဲ ရွေးကောက်ပွဲကျင်းပပါက မြန်မာပြည်သူတွေရဲ့ ပြင်းထန်သော ကန့် ကွက်မှုသာ ဖြစ်စေနိုင်ပြီး ငြိမ်းချမ်းသော အဖြေရှာဖို့ ခက်ခဲစေမယ်လို့ ၎င်းက ဆက်ပြောပါတယ်။

မြန်မာနိုင်ငံမှာ အများယုံကြည်လက်ခံသော အပစ်အခတ်ရပ်စဲရေး ကြိုးပမ်းဖို့နဲ့ မြန်မာ့အရေး ဖြေရှင်းဖို့ အာဆီယံအဖွဲ့ရဲ့ ကြိုးပမ်းမှုတွေကို အကောင်းဆုံး ပံ့ပိုးကူညီဖို့ ဂျပန်နိုင်ငံက သံန္နိဌာန်ချထား တယ်လို့ သူက ဆိုပါတယ်။

ဂျပန်နိုင်ငံအနေဖြင့် မြန်မာပြည်သူတွေရဲ့ အသံများကို ဂရုတစိုက်နားထောင်ပြီး သက်ဆိုင်သူ အသီးသီးနဲ့ တွေ့ဆုံဆွေးနွေးမှုများ ဆက်လက်ပြုလုပ်မည်ဖြစ်ကြောင်း၊ မတ်လ ငလျင်ဒဏ်ကြောင့် မြန်မာပြည်သူတွေရဲ့ အသက်မွေးဝမ်းကြောင်းနဲ့ ကာလရှည်ကြာ ပဋိပက္ခတွေကြောင့် အတိဒုက္ခရောက် နေရတဲ့ မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီ ပံ့ပိုးပေးသွားမယ်လို့ ၎င်းက ကတိပြုပါတယ်။

မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဉပဒေအရ အရေးပေါ်အခြေအနေ ရုတ်သိမ်းကြောင်း ကြေညာပြီး ခြောက်လအတွင်း အထွေထွေ ရွေးကောက်ပွဲတစ်ရပ် ကျင်းပရမှာဖြစ်ပါတယ်။

မြန်မာစစ်ကောင်စီဟာ ဖြုတ်ချခံ အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို ချန်ထားပြီး ဒီဇင်ဘာ သို့မဟုတ် ဇန်နဝါရီလအတွင်း ရွေးကောက်ပွဲ တစ်ရပ် ကျင်းပဖို့ ရည်ရွယ်ပါတယ်။

NLD ပါတီဟာ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြို အနိုင်ရခဲ့ပေမယ့် စစ်တပ်က မဲမသမာမှုရှိတယ်လို့ဆိုကာ စစ်ကောင်စီခန့်အပ် ရွေးကောက်ပွဲကော်မရှင်က ၂၀၂၃ ခုနှစ်မှာ ဖျက်သိမ်းခဲ့ ပါတယ်။

ကိုးကား – The Mainichi
Ref; Japan airs ‘serious concern’ over Myanmar’s lifting of emergency