ဧရာဝတီတိုင်းမ်
ဩဂုတ် ၂ ရက်

ထိုင်းနိုင်ငံနဲ့ မကြာသေးမီက နယ်စပ်ပဋိပက္ခမှာ တိုက်ရိုက် ကြားဝင်ပေးခဲ့တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ကမ္ဘောဒီးယားနိုင်ငံက နိုဘယ်လ်ငြိမ်းချမ်းရေးဆုအတွက် အဆိုပြုမယ်လို့ ဒုတိယဝန် ကြီးချုပ် ဆန်ချန်သိုလ်က ဩဂုတ်လ ၁ ရက်မှာ ပြောကြားခဲ့ပါတယ်။

ငြိမ်းချမ်းရေး ဆောင်ကျဉ်းပေးတဲ့ ဒေါ်နယ်ထရမ့်ကို ကျေးဇူးတင်ရှိကြောင်း၊ ၎င်းဟာ နိုဘယ်လ် ငြိမ်းချမ်းရေးဆုနဲ့ ထိုက်တန်သူဖြစ်ကြောင်း ဆန်ချန်သိုလ်က ဖနောင်ပင်မြို့တော်မှာ သတင်းထောက် တွေကို ပြောပါတယ်။

အိန္ဒိယနဲ့ ပဋိပက္ခမှာ ကူဖြေရှင်းပေးမှုကြောင့် နိုဘယ်လ်ငြိမ်းချမ်းရေးဆုအတွက် ဒေါ်နယ်ထရမ့် ကို ထောက်ခံမယ်လို့ ပါကစ္စတန်နိုင်ငံက ဇွန်လအတွင်း ပြောကြားခဲ့သလို အဆိုပါဆုအတွက် ဒေါ်နယ်ထ ရမ့်ကို အဆိုပြုခဲ့ကြောင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမန်နေတန်ယာဟုက ပြီးခဲ့တဲ့လအတွင်း ပြောကြား ခဲ့ပါတယ်။

ဆယ်စုနှစ်တစ်ခုကျော်အတွင်း ထိုင်းနဲ့ကမ္ဘောဒီးယားကြား တိုက်ခိုက်မှုတွေ အဆုံးသတ်ဖို့ ဒေါ် နယ်ထရမ့်က ပြီးခဲ့တဲ့အပတ်မှာ ကြားဝင်ဖျန်ဖြေခဲ့ရာ မလေးရှားနိုင်ငံမှာ အပစ်အခတ်ရပ်စဲဖို့ စေ့စပ်ညှိ နှိုင်းမှုတွေ ဖြစ်လာခဲ့ပါတယ်။

ထိုင်းနဲ့ကမ္ဘောဒီးယားကြား ငါးရက်ကြာစစ်ပွဲကြောင့် လူ ၄၃ ဉီး သေဆုံးကာ ပြည်သူ ၃၀၀၀၀၀ ကျော် အိုးအိမ်စွန့်ခွာခဲ့ရပါတယ်။

“ဒေါ်နယ်ထရမ့်ရဲ့ ငြိမ်းချမ်းရေး ကြိုးပမ်းမှုတွေကို ကျွန်တော်တို့ အသိအမှတ်ပြုပါတယ်။ စည်း ကြပ်ခွန် ၁၉ ရာခိုင်နှုန်းအထိ လျှော့ချပေးတဲ့အတွက် ကမ္ဘောဒီးယားနိုင်ငံကို ကျေးဇူးတင်ရှိပါတယ်” လို့ ဆန်ချန်သိုလ်က ဆိုပါတယ်။

အမေရိကန်နိုင်ငံဟာ အစောပိုင်းမှာ ကမ္ဘောဒီးယားနိုင်ငံအပေါ် စည်းကြပ်ခွန် ၄၉ ရာခိုင်နှုန်း သတ်မှတ်ခဲ့ပေမယ့် နောက်ပိုင်းမှာ ၃၆ ရာခိုင်နှုန်းအထိ လျှော့ချခဲ့တယ်လို့ ၎င်းက အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့ဖူးပါတယ်။

ကိုးကား – Reuters
Ref; Cambodia to nominate Donald Trump for Nobel Peace Prize, says deputy PM