ဧရာဝတီတိုင်းမ်
ဩဂုတ် ၁ ရက်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ကြာသပတေးနေ့က ရုရှားသမ္မတဟောင်း ဒီမီထရီမတ်ဗီ ဒက်ဗ်ကို ရှုတ်ချခဲ့ပြီး ကိုယ့်စကားကို ဂရုစိုက်ဖို့ သတိပေးလိုက်ပါတယ်။

“ကိုယ့်စကားကို သတိထားဖို့ အခုထိ သူ့ကိုယ်သူ သမ္မတလို့ ထင်နေတဲ့ ကျရှုံး ရုရှားသမ္မတ ဟောင်း မတ်ဗီဒက်ဗ်ကို ပြောလိုက်ပါ။ သူက အလွန် အန္တရာယ်များတဲ့ ပိုင်နက်ထဲကို ဝင်ရောက်နေပါပြီ” လို့ ဒေါ်နယ်ထရမ့်က လူမှုကွန်ရက် Truth Social မှာ ရေးသားခဲ့ပါတယ်။

ယူကရိန်းစစ်ပွဲ အဆုံးသတ်ဖို့ ဒေါ်နယ်ထရမ့်က ရုရှားအပေါ် ဖိအားတိုးပေးတာဟာ ပဋိပက္ခကို ကျယ်ပြန့်လာစေပြီး ရုရှားနဲ့အမေရိကန်ကြား စစ်ဖြစ်စေနိုင်တယ်လို့ မတ်ဗီဒက်ဗ်က သတိပေးခဲ့ပါတယ်။

“ဒေါ်နယ်ထရမ့်က အချက်နှစ်ချက်ကို သတိရသင့်ပါတယ်။ ရုရှားဟာ အစ္စရေး သို့မဟုတ် အီရန် မဟုတ်ပါဘူး။ ဒေါ်နယ်ထရမ့်ရဲ့ ရာဇသံဟာ ခြိမ်းခြောက်မှုတစ်ခုဖြစ်ပြီး စစ်ဖြစ်စေနိုင်ပါတယ်” လို့ မတ်ဗီ ဒက်ဗ်က လူမှုကွန်ရက် X မှာ ရေးသားခဲ့ပါတယ်။

ယူကရိန်းစစ်ပွဲကို ၁၀ ရက် သို့မဟုတ် ၁၂ ရက်အတွင်း အဆုံးမသတ်ပါက ရုရှားကို ဒဏ်ခတ်ပိတ် ဆို့ကာ ထပ်တိုး စည်းကြပ်ခွန် သတ်မှတ်မယ်လို့ ဒေါ်နယ်ထရမ့်က ခြိမ်းခြောက်ပြီးနောက် ၎င်းက အခုလို မှတ်ချက်ပြုတာပါ။

ရုရှား သို့မဟုတ် အိန္ဒိယနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်ဖို့ အကြံဉာဏ်ကို ဒေါ်နယ်ထရမ့်က ပယ်ချခဲ့ပြီး အိန္ဒိယက ရုရှားနဲ့ ဘာလုပ်နေတယ်ဆိုတာ ဂရုမစိုက်ကြောင်း ပြောပါတယ်။

ဒေါ်နယ်ထရမ့်ရဲ့ သူ့ရဲ့စကားကို တုံ့ပြန်မှုဟာ သူ့ရဲ့မှန်ကန်မှုကို သက်သေပြနေတယ်လို့ မတ်ဗီ ဒက်ဗ်က ပြောပါတယ်။

ကိုးကား – Anadolu
Ref; Trump warns Medvedev to ‘watch his words’ after former Russian president ‘threatens’ war