ဧရာဝတီတိုင်းမ်
ဩဂုတ် ၁ ရက်

အောက်တိုဘာလအတွင်း ကွာလာလမ်ပူမြို့တော်မှာကျင်းပမယ့် အာဆီယံ ထိပ်သီးဆွေးနွေးပွဲ သို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တက်ရောက်ဖို့ စီစဉ်နေတယ်လို့ မလေးရှားဝန်ကြီးချုပ် အန်ဝါအီ ဘရာဟင်က ပြောပါတယ်။

ကြာသပတေးနေ့အစောပိုင်းက ဖုန်းပြောဆိုမှုတစ်ခုအတွင်း သူ့ရဲ့ဖိတ်ကြားချက်ကို ဒေါ်နယ်ထ ရမ့်က လက်ခံခဲ့တယ်လို့ သူက မလေးရှားလွှတ်တော်အမတ်တွေကို ပြောပါတယ်။

မလေးရှားနိုင်ငံအပေါ် အမေရိကန်ရဲ့ စည်းကြပ်ခွန်ကိစ္စ၊ ကမ္ဘောဒီးယားနဲ့ထိုင်းကြား နယ်စပ်ပဋိ ပက္ခ အဆုံးသတ်ရေး ပြီးခဲ့တဲ့အပတ်အတွင်း ကြိုးပမ်းခဲ့မှုတွေကို ၎င်းတို့နှစ်ဉီး ဆွေးနွေးခဲ့တယ်လို့ အန်ဝါ က ဆိုပါတယ်။

“ထိုင်း-ကမ္ဘောဒီးယားပဋိပက္ခမှာ ဖြေရှင်းပေးတဲ့ အခန်းကဏ္ဍအတွက် မလေးရှားနိုင်ငံက အသိ အမှတ်ပြုတယ်လို့ ဒေါ်နယ်ထရမ့်က စပြီး ပြောပါတယ်။ ဒါဟာ အာဆီယံအဖွဲ့ရဲ့ စည်းလုံးညီညွတ်မှု၊ အ ပြုသဘောဆောင်တဲ့ သဘောထားနဲ့ ဒေါ်နယ်ထရမ့်၊ ရှီကျင့်ဖျင်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကြောင့်လို့ ကျွန်တော် ပြောခဲ့ပါတယ်” လို့ ၎င်းက ဆက်ပြောပါတယ်။

ဒေါ်နယ်ထရမ့်ရဲ့ အာဆီယံထိပ်သီးဆွေးနွေးပွဲ တက်ရောက်ဖို့ဆုံးဖြတ်ချက်ကို အိမ်ဖြူတော်က အတည်မပြုရသေးပါဘူး။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုဟာ ဒီလအစောပိုင်းက မလေးရှားနိုင်ငံမှာကျင်းပ တဲ့ အာဆီယံထိပ်သီးဆွေးနွေးပွဲကို တက်ရောက်ဖို့ သူ့ရဲ့ ပထမဆုံး အာရှခရီးစဉ်ကို အသုံးချခဲ့ပါတယ်။

အာဆီယံထိပ်သီးဆွေးနွေးပွဲမှာ မာကိုရူဘီယိုဟာ တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ ပထမ ဆုံးအကြိမ် လူချင်းတွေ့ဆုံကာ ဒေါ်နယ်ထရမ့်-ရှီကျင့်ဖျင် အစည်းအဝေးဖြစ်မြောက်ဖို့ ဆွေးနွေးခဲ့ပါ တယ်။

အာဆီယံအဖွဲ့ဝင် နိုင်ငံများစွာဟာ ဒေါ်နယ်ထရမ့်ရဲ့ စည်းကြပ်ခွန်တိုးမြှင့်မှုနဲ့ပတ်သက်လို့ စိုးရိမ် နေကြပါတယ်။

အောက်တိုဘာလ အာဆီယံထိပ်သီးဆွေးနွေးပွဲကို တက်ရောက်ဖို့ အန်ဝါဟာ အစောပိုင်းမှာ ရု ရှားသမ္မတ ဗလာဒီမာပူတင်ကို ဖိတ်ကြားခဲ့ပါတယ်။

ပူတင်သာ အာဆီယံထိပ်သီးဆွေးနွေးပွဲ တက်ရောက်ပါက ယူကရိန်းစစ်ပွဲ အဆုံးသတ်ဖို့ တွန်း အားပေးနေတဲ့ ဒေါ်နယ်ထရမ့်နဲ့ တွေ့ဆုံမှုပြုလုပ်လာနိုင်ပါတယ်။

ကိုးကား – Bloomberg
Ref; Trump Will Attend Asean Summit in Malaysia, Prime Minister Says