ဧရာဝတီတိုင်းမ်
ဇူလိုင် ၃၁ ရက်

ထိုင်းနိုင်ငံအနေနဲ့ အိမ်နီးချင်း မြန်မာနိုင်ငံရှိ စစ်ကောင်စီကို တရားမဝင်မှု မပေးသင့်ဘူးလို့ အမေ ရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ထိုင်းနိုင်ငံဆိုင်ရာ သံအမတ်ရာထူး အဆိုပြုခံထားရသူ ရှောင်အိုနေးလ်က ပြောပါတယ်။

လူ ၄၃ ဉီးထက်မနည်း သေဆုံးစေခဲ့ပြီး ၃၀၀၀၀၀ ကျော် အိုးအိမ်စွန့်ခွာစေခဲ့တ့ ထိုင်းနဲ့ ကမ္ဘောဒီး ယားကြား ငါးရက်ကြာ စစ်ပွဲနဲ့ပတ်သက်လို့ ဆီးနိတ်အတည်ပြုမှုကြားနာပွဲမှာ သူက အခုလို မှတ်ချက်ပြု ခဲ့တာပါ။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ရပ်တည်ချက်မှာ မြန်မာစစ်ကောင်စီရဲ့ ယခုနှစ်ကုန်မှာ ကျင်းပမယ့် အတုအယောင်ရွေးကောက်ပွဲကို အားမပေးတာဖြစ်တယ်လို့ ၎င်းက ဆိုပါတယ်။

“ကျွန်တော့်ကို ထိုင်းနိုင်ငံဆိုင်ရာ သံအမတ်အဖြစ် အတည်ပြုမယ်ဆိုရင် အတိုက်အခံခေါင်း ဆောင်အများစု အကျဉ်းချခံနေရပြီး အတိုက်အခံ ၅၀ ရာခိုင်နှုန်းကျော် မပါဝင်တဲ့ မြန်မာစစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို အသိအမှတ်မပြုဖို့ ထိုင်းနိုင်ငံကို ကျွန်တော် တိုက်တွန်းပါမယ်” လို့ သူက ဆက်ပြောပါ တယ်။

ထိုင်းနိုင်ငံရဲ့ မကြာသေးမီက ကမ္ဘောဒီးယားနဲ့ နယ်စပ်ပဋိပက္ခဟာ ထိုင်းပြည်သူတွေ သို့မဟုတ် ထိုင်းနိုင်ငံရဲ့ အမေရိကန်နဲ့ မဟာမိတ်ပြုမှုကို မထိခိုက်စေဘူးဆိုတာ ထိုင်းနိုင်ငံကို ပြောပြမယ်လို့ ရှောင် အိုနေးလ်က ပြောပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယားခေါင်းဆောင်တွေဟာ တနင်္လာနေ့က မလေးရှားနိုင်ငံမှာ တွေ့ဆုံကာ ဆယ်စုနှစ်တစ်ခုကျော်အတွင်း လူအသေအပျောက်အများဆုံး နယ်စပ်ပဋိပက္ခကို ရပ်တန့်နိုင်ရေး အပစ် အခတ်ရပ်စဲဖို့ သဘောတူခဲ့ပါတယ်။

တိုက်ပွဲတွေ ဆက်ဖြစ်နေရင် အမေရိကန်နဲ့ ကုန်သွယ်ရေး စေ့စပ်ညှိနှိုင်းမှုတွေ တိုးတက်မှာမ ဟုတ်ဖူးလို့ ဒေါ်နယ်ထရမ့်က ထိုင်းနဲ့ ကမ္ဘောဒီးယားခေါင်းဆောင်တွေကို သတိပေးပြီးနောက် အပစ်အ ခတ်ရပ်စဲဖို့ သဘောတူခဲ့တာပါ။

ကိုးကား – CNA/Reuters
Ref; Trump’s Thailand ambassador pick says Bangkok border conflicts don’t help alliance