
ဧရာ၀တီတိုင်းမ်
ဇူလိုင် ၃၁ ရက်
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား နိုင်ငံတော်အာဏာ လွှဲအပ်ဆောင်ရွက်စေခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်စွဲပါ အမိန့်ကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာ/လုံ)က ယနေ့ ဇူလိုင်လ ၃၁ ရက်တွင် ဖျက်သိမ်းလိုက်သည်။
ကာ/လုံသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၇ နှင့် ၄၁၈ အရ အရေးပေါ်အခြေအနေကြေညာ၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား နိုင်ငံတော်အာဏာ လွှဲအပ် ဆောင်ရွက်စေခဲ့သည်။
အဆိုပါ ကိစ္စနှင့်စပ်လျဉ်း၍ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၎င်းအပေါ်ပေးအပ်ထားသည့် တာဝန်ပြီး မြောက်အောင် ဆောင်ရွက်ပြီးကြောင်း တင်ပြသည့် အစီရင်ခံစာကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ(ကာ/လုံ)က လက်ခံရရှိခဲ့သည်ဟု ဖော်ပြထားသည်။
အဆိုပါ အစီရင်ခံစာကို လက်ခံရရှိခဲ့ခြင်းကြောင့် ယခုကဲ့သို့ နိုင်ငံတော်အာဏာ လွှဲအပ်ခဲ့သည့် အမိန့်ကို ဖျက်သိမ်းလိုက်ခြင်းဖြစ်ကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက ထုတ်ပြန်လိုက်ပြီး အဆိုပါ အမိန့်ကို ယာယီသမ္မတ (တာဝန်) ယူထားသူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်မှတ်ရေး ထိုးထားသည်။