 
                ဧရာဝတီတိုင်းမ်
ဇူလိုင် ၃၀ ရက်
ရုရှားက ဩဂုတ်လ ၈ ရက်မတိုင်မီ ယူကရိန်းနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီရမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောပါတယ်။
အပစ်အခတ်ရပ်စဲဖို့ သဘောမတူရင် ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့ဖို့နဲ့ ကုန်သွယ်ဘက်နိုင်ငံတွေ အပေါ် မြင့်မားတဲ့ စည်းကြပ်ခွန်တွေ သတ်မှတ်ဖို့ ၎င်းက ခြိမ်းခြောက်ခဲ့ပါတယ်။
“ရုရှားက အပစ်အခတ်ရပ်စဲရေးကို သဘောတူဖို့ ၁၀ ရပ်သာ အချိန်ရပါတော့တယ်။ ရုရှားသမ္မတ ဗလာဒီမာပူတင်က စစ်ပွဲ ဆက်ဖြစ်လိုတာကြောင့် အပစ်ရပ် သဘောတူညီချက်က ရုရှားအပေါ် သက် ရောက်မှု ရှိ မရှိ ကျွန်တော် မသိပါဘူး” လို့ သူက ဆိုပါတယ်။
ရုရှားက ယူကရိန်းကို ဆက်လက် တိုက်ခိုက်နေလို့ အပစ်အခတ်ရပ်စဲနိုင်မယ့် အလားအလာမရှိ ဘူးလို့ ဒေါ်နယ်ထရမ့်က ဆက်ပြောပါတယ်။
စည်းကြပ်ခွန်သစ်က ရေနံဈေးကွက် သို့မဟုတ် ဈေးနှုန်းတွေအပေါ် သက်ရောက်နိုင်မှု ရှိ မရှိနဲ့ ပတ်သက်လို့ သူက မစိုးရိမ်ဘူးလို့ ဆိုပါတယ်။
မည်သည့်သက်ရောက်မှုမျှ မရှိစေဖို့ ပြည်တွင်း ရေနံထုတ်လုပ်မှု တိုးမြှင့်မယ်လို့ ဒေါ်နယ်ထရမ့် က ဆိုပါတယ်။
ရုရှားက ဒေါ်နယ်ထရမ့်ရဲ့ မှတ်ချက်စကားကို သတိပြုမိပြီး ရုရှားက အထူးစစ်ဆင်ရေးကို ဆက် လက်လုပ်ဆောင်နေကြောင်း ရုရှားသမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်ရှ်ကော့ဗ်က အင်္ဂါနေ့မှာ ပြောဆိုခဲ့ပါတယ်။
ကိုးကား – NHK
Ref; Trump moves up Russia-Ukraine ceasefire deadline to Aug. 8
 
                                             
                                             
                                            