နဝဒေးတံတားပေါ်က ခုန်ချခဲ့တဲ့ ၃ နှစ် အရွယ်ကလေးနဲ့မိခင် ၃ ရက်ကြာသည့်အထိ ရှာမတွေ့သေး

ဧရာဝတီတိုင်းမ်

သြဂုတ်လ ၃၁ ရက်

ပဲခူးတိုင်း(အနောက်ခြမ်း)၊ ပြည်မြို့မှာ သြဂုတ်လ ၂၈ ရက် နေ့လည် ၃ နာရီဝန်းကျင်မှာ နဝဒေးတံတားပေါ်ကနေ ဧရာဝတီမြစ်ထဲကိုခုန်ချသွားတဲ့ ၃ နှစ်အရွယ် ကလေးနဲ့မိခင်ကို ၃ ရက်ကြာတဲ့နေ့ထိ ပြန်မတွေ့သေးဘူးလို့ ဒေသခံတွေဆီကသိရပါတယ်။

ခုန်ချသွားသူဟာ ခေတ္တရာမြို့သစ် ၁၂ လမ်းမှာ နေထိုင်တဲ့ အသက် ၂၃ နှစ်အရွယ် မအိဝေထွန်း (ခ)အိလေးနဲ့ သူမရဲ့ သမီးဖြစ်သူ အသက် ၃ နှစ်အရွယ် မနှင်းရတီမောင်တို့ဖြစ်တယ်လို့ သိရပါတယ်။

ရုပ်သံ – ဧရာဝတီတိုင်းမ်