
ဧရာဝတီတိုင်းမ်
ဇူလိုင် ၃၀ ရက်
အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်တယ်လို့ ထိုင်းနဲ့ကမ္ဘောဒီးယားက အပြန်အလှန် စွပ်စွဲနေကြ စဉ် နှစ်နိုင်ငံတပ်မှူးတွေဟာ အင်္ဂါနေ့က နယ်စပ်ဒေသမှာ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
အပစ်အခတ်ရပ်စဲဖို့၊ တပ်ဖွဲ့လှုပ်ရှားမှုတွေ ရပ်တန့်ဖို့နဲ့ ပြဿနာတွေကို ချက်ချင်း ဖြေရှင်းနိုင်ရေး ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့တွေ ဖွဲ့စည်းဖို့ သဘောတူခဲ့ကြောင်း နှစ်ဖက်စလုံးက ပြောပါတယ်။
ယခုနှစ် အာဆီယံအဖွဲ့ဉက္ကဌ မလေးရှားနိုင်ငံရဲ့ ကြားဝင်ဖျန်ဖြေမှုနဲ့ ခြွင်းချက်မရှိ အပစ်အခတ် ရပ်စဲဖို့ နှစ်နိုင်ငံစလုံးက သဘောတူခဲ့ပြီး အပစ်အခတ်ရပ်စဲရေးဟာ သန်းခေါင်ယံအချိန်မှာ အသက်ဝင်ခဲ့ ပါတယ်။
ကမ္ဘောဒီးယားတပ်ဖွဲ့တွေက နယ်စပ်နေရာများစွာမှာ တိုက်ခိုက်မှုတွေ ထပ်မံပြုလုပ်ခဲ့လို့ လက် တုံ့ပြန်ခဲ့ရတယ်လို့ ထိုင်းနိုင်ငံက ပြောပါတယ်။
ကမ္ဘောဒီးယားနိုင်ငံရဲ့လုပ်ရပ်က အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်ရာ ရောက်ခဲ့တယ်လို့ ထိုင်း ယာယီဝန်ကြီးချုပ် ဝီချာရာချိုင်းက ပြောပါတယ်။
ကမ္ဘောဒီးယားစစ်တပ်ဟာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို တင်းကြပ်စွာ လိုက်နာခဲ့ တယ်လို့ ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီး တီးဆီဟာက ဆိုပါတယ်။
အရပ်သားတွေ အပါအဝင် လူပေါင်း ဒါဇင်ချီ သေဆုံးစေခဲ့တဲ့ အငြင်းပွားနယ်စပ်ဒေသမှာ ငါးရက် ကြာ အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားပြီးနောက် အပစ်ရပ်ဖို့ နှစ်နိုင်ငံစလုံးက သဘောတူခဲ့တာပါ။
ကိုးကား – NHK
Ref; Thai, Cambodian commanders hold talks amid fragile ceasefire