ဧရာဝတီတိုင်းမ်
ဇူလိုင် ၃၀ ရက်

တရုတ်နိုင်ငံရှိ ကမ္ဘာကျော် ရှောင်လင်ကျောင်းတော်မှ ကျောင်းထိုင်ဘုန်းကြီးမှာ သံသယဖြစ်ဖွယ် ရာ ငွေကြေးအလွဲသုံးစားမှု၊ အမျိုးသမီးတွေနဲ့ပတ်သက်မှုကြောင့် စစ်ဆေးခံနေရတယ်လို့ သိရပါတယ်။

ကျောင်းထိုင်ဆရာတော် ယောင်ဇင်ကို အစိုးရဌာနပေါင်းစုံမှ စုံစမ်းစစ်ဆေးနေတယ်လို့ တရုတ် ကုန်းတွင်းပိုင်း ဟီနန်ပြည်နယ်ရှိ ရှောင်လင်ကျောင်းတော်က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

ကျောင်းထိုင်ဆရာတော်ဟာ ရှောင်လင်ကျောင်းတော်ပိုင် ငွေကြေးတွေကို အလွဲသုံးစားလုပ်ကာ ဗုဒ္ဓရဲ့အဆုံးအမတွေကို ချိုးဖောက်ပြီး အမျိုးသမီးတွေနဲ့ ပတ်သက်ခဲ့လို့ ကလေးတစ်ယောက်ထက်မနည်း ရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

အဆိုပါကျောင်းထိုင်ဘုန်းကြီးဟာ တရုတ်ဗုဒ္ဓဘာသာအသင်းရဲ့ ဒုတိယအကြီးအကဲနဲ့ ပြည်သူ့ ကွန်ဂရက် ကိုယ်စားလှယ်တစ်ဉီးအဖြစ် ဆောင်ရွက်ခဲ့တယ်လို့ တရုတ်မီဒီယာတွေက ဖော်ပြပါတယ်။

ဆရာတော်ဟာ ကုမ္ပဏီခွဲတွေ တည်ထောင်ဖို့နဲ့ အစားအသောက်နဲ့ အဝတ်အထည်လုပ်ငန်း အ ပါအဝင် စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ရာမှာ စီအီးအိုဘုန်းတော်ကြီးဖြစ်တယ်လို့ မီဒီယာတွေက ပြော ပါတယ်။

တောင်ကုန်းထူထပ်ရာဒေသမှာ တည်ရှိတဲ့ နှစ် ၁၅၀၀ သက်တမ်းရှိ အဆိုပါရှောင်လင်ကျောင်း တော်ဟာ နှစ်စဉ် ထောင်ချီတဲ့ ခရီးသွားတွေကို ဆွဲဆောင်ပါတယ်။

ရှောင်လင်ကျောင်းတော်ဟာ ကွန်ဖူးလို့လူသိများတဲ့ တရုတ်ရိုးရာသိုင်းပညာကြောင့် ကမ္ဘာမှာ ထင်ရှားကျော်ကြားပါတယ်။

ကိုးကား – NHK
Ref; Head monk at China’s Shaolin Temple under investigation