
ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၉ ရက်
တရုတ်နိုင်ငံရဲ့မြို့တော် ပေကျင်းမြို့မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူ ၃၀ ဉီး သေဆုံးခဲ့ ရာ အာဏာပိုင်တွေက လူ ၈၀၀၀၀ ကို ဘေးလွတ်ရာရွှေ့ပြောင်းပေးခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာတွေက ယနေ့ ဖော်ပြပါတယ်။
မိုးသက်မုန်တိုင်းကြောင့် ဒီသီတင်းပတ်အတွင်း ပေကျင်းမြို့၊ ဟီဘေး၊ ကျိလင်နဲ့ ရှန်တုံပြည်နယ် အပါအဝင် တရုတ်နိုင်ငံမြောက်ပိုင်းမှာ ရေဘေးသင့်ခဲ့ပါတယ်။
ပေကျင်းမြို့တော်မှာပင် လူ ၈၀၀၀၀ ကို ဘေးလွတ်ရာရွှေ့ပြောင်းခဲ့ရပြီး ဒါဇင်နဲ့ချီတဲ့လမ်းတွေ ပိတ်ဆို့သွားခဲ့ကာ ရွာ ၁၃၀ ကျော် ဓာတ်အားပြတ်တောက်သွားခဲ့ပါတယ်။
ဓာတ်တိုင်းတွေ ရွှံ့ရေတွေနဲ့ မျှောပါသွားခဲ့ပြီး စစ်ကားတွေ၊ လူနာတင်ယာဉ်တွေဟာ ရေနစ်မြုပ် လမ်းမတွေပေါ် မောင်းနှင်ခဲ့ရကာ မီးသတ်သမားတွေက ပိတ်မိနေသူ ၄၈ ဉီးကို ကယ်ဆယ်ခဲ့ရပါတယ်။
သဘာဝ အဆိုးရွားဆုံးအခြေအနေအတွက် ပြင်ဆင်ထားဖို့နဲ့ ရေဘေးသင့်ပြည်သူတွေကို ရွှေ့ ပြောင်းပေးဖို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က တနင်္လာနေ့နှောင်းပိုင်းမှာ အာဏာပိုင်တွေိကို တိုက်တွန်းခဲ့ပါ တယ်။
တရုတ်အစိုးရက မိုးသည်းထန်စွာရွာသွန်းမှု ကြုံတွေ့ခဲ့ရတဲ့ ဒေသကိုးခုအတွက် ဘေးအန္တရာယ် ကယ်ဆယ်ရေးရန်ပုံငွေ ယွမ် သန်း ၃၅၀ ခွဲဝေသတ်မှတ်ခဲ့ကြောင်း နိုင်ငံပိုင်ရုပ်သံလွှင့်ဌာန CCTV က ဖော်ပြပါတယ်။
ပေကျင်းမြို့တော်အတွက် သီးခြား ကယ်ဆယ်ရေးရန်ပုံငွေ ယွမ် သန်း ၂၀၀ သတ်မှတ်ခဲ့တယ်လို့ CCTV က ဆိုပါတယ်။
၂၀၂၃ ခုနှစ်ကလည်း တရုတ်နိုင်ငံမြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းမှု ကြောင့် လူ ၈၀ ကျော် သေဆုံးခဲ့ပြီး နေအိမ်တွေ၊ သီးနှံစိုက်ခင်းတွေ ပျက်စီးခဲ့ပါတယ်။
ဒေသအချို့မှာ မိုးကြီးတဲ့ နွေရာသီရောက်ပါက တရုတ်နိုင်ငံတစ်ဝှမ်း သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပွားလေ့ရှိပါတယ်။
တရုတ်နိုင်ငံဟာ ရာသီဉတုပြောင်းလဲမှုနဲ့ ဆိုးရွားသော ရာသီဉတုဖောက်ပြန်မှု ဖြစ်စေတယ်လို့ သိပ္ပံပညာရှင်တွေကပြောတဲ့ ကမ္ဘာ့အကြီးဆုံး ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်သူဖြစ်ပါတယ်။
ကိုးကား – AFP
Ref; Flooding kills 30 in Beijing as heavy rains sweep across China