
ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၉ ရက်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အစိုးရအဖွဲ့က မြန်မာနိုင်ငံရှိ မြေရှားသတ္တုများကို မဟာဗျူဟာမြောက် ပြိုင်ဘက်တရုတ်ထံမှ လွှဲပြောင်းယူဖို့ ရည်ရွယ်ကာ မြန်မာအပေါ် ကြာမြင့်စွာတည်ရှိခဲ့တဲ့ အမေရိကန်၏ မူဝါဒတွေကို ပြောင်းလဲနိုင်မယ့် ကွဲပြားသောအဆိုပြုချက်တွေကို ကြားနာခဲ့ကြောင်း ဆွေးနွေးမှုတွေကို အနီးကပ်သိရှိသူလေးဦးက ပြောပါတယ်။
ဆုံးဖြတ်ချက်မချသေးပေမယ့် မူဝါဒတွေကို ဖော်ဆောင်မယ်ဆိုရင် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ အခက်အခဲတွေ ရှိနေပြီး မြန်မာနိုင်ငံရဲ့ မြေရှားသတ္တုအများစုကို ထိန်းချုပ်ထားတဲ့ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့တွေနဲ့ သဘောတူညီချက်တစ်ရပ် လက်မှတ်ရေးထိုးဖို့ အမေရိကန်က လိုအပ်မယ်လို့ သိရပါ တယ်။
အဆိုပြုချက်တစ်ခုမှာ KIA အဖွဲ့နဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်တစ်ရပ်ရရှိရေး မြန်မာစစ် ကောင်စီနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ဖြစ်ပြီး နောက်ထပ်အဆိုပြုချက်မှာ အမေရိကန်နိုင်ငံက စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံမှုမလုပ်ဘဲ KIA နဲ့ တိုက်ရိုက် လက်တွဲဆောင်ရွက်ဖို့ဖြစ်ပါတယ်။
အမေရိကန်အစိုးရကို အကြံပြုခဲ့သူမှာ အမေရိကန် စီးပွားရေးလော်ဘီသမားတဦးဖြစ်ပြီး ၎င်းမှာ ယခင်က ဒေါ်အောင်ဆန်းစုကြည်၏ အကြံပေးဟောင်းဖြစ်ကာ KIA အပြင် တခြားပြင်ပ ကျွမ်းကျင်သူတွေနဲ့လည်း တိုက်ရိုက် ဆွေးနွေးနိုင်တဲ့ လမ်းကြောင်းရှိသူ ဖြစ်ပါတယ်။
လူမျိုးသုဉ်းသတ်ဖြတ်မှုနဲ့ လူသားမျိုးနွယ်စုအပေါ် စစ်ရာဇဝတ်မှုတွေလို့ အမေရိကန်က ခေါ်ဆိုခဲ့တဲ့ ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်မှုတွေကြောင့် မြန်မာစစ်ခေါင်းဆောင်တွေအပေါ် အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့ထားရာ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံမှုပြုလုပ်ပါက သိသာတဲ့ မူဝါဒအပြောင်းအလဲ ဖြစ်လာပါလိမ့်မယ်။
အမေရိကန်အစိုးရဟာ ပြီးခဲ့တဲ့အပတ်က မြန်မာစစ်ကောင်စီရဲ့ မဟာမိတ်တွေအပေါ် ဒဏ်ခတ်ပိတ်ဆို့ထားမှုတွေ ရုတ်သိမ်းခဲ့ပါတယ်။
ကိုးကား – The Japan Times
Ref; Trump team hears pitches on access to Myanmar’s rare earths