ရေစကြို၊ ဘောလုံးကွင်းစျေးတွင် စျေးကောက် လာကောက်ရင်း ကင်းပတ်လာသည့် ပျူစောထီးများ နှင့် စစ်ကောင်စီတပ်သားများတိုက်ခိုက်ခံရလို့ စစ်တပ်က ၅ ဦး သေဆုံး (ရုပ်/သံ)

ဧရာဝတီတိုင်းမ်

ဩဂုတ် ၃၁ ရက်

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဘောလုံးကွင်စျေးတွင် စျေးကောက်လာကောက်သည့် ပျူစောထီးခေါင်းဆောင် ထွန်းအောင်ကျော်နှင့် စစ်ကောင်စီတပ်သားများကို Phoenix အထူးပြောက်ကျားတပ်ဖွဲ့ – ရေစကြိုအဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့လို့

စစ်ကောင်စီဘက်က ၅ ဦးသေဆုံးခဲ့တယ် လို့ Phoenix အဖွဲ့ထံကသိရသည်။

၎င်း ပစ်ခတ်တိုက်ခိုက်မှုသည် သြဂုတ်လ ၂၉ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်ဝန်းကျင်ကဖြစ်ပြီး MA 4 (၁)လက်၊ MA 1 (၁)လက်၊ AK-47 (၁)လက်၊ ကာဘိုင် (၂)လက် နှင့်အတူ MA ကျည်ဘောက် (၅) ခု၊ ၄၀ မမ ဗုံးသီး (၄)လုံး၊ အီနာဂါ (၅)လုံး ၊ လက်ပစ်ဗုံးတစ်လုံး၊ ဖုန်း (၂) လုံးသိမ်းဆည်းရရှိခဲ့ပြီး စစ်ကောင်စီတပ်သားနဲ့ပျူစောထီး ၅ ဦးသေဆုံးခဲ့တယ် လို့ Phoenix

တပ်ဖွဲ့ထံကသိရသည်။

အဆိုပါ တောကျီးကန်းစစ်ဆင်ရေးကို Black Wolf People’s Defense Force (MDY)၊ Phoenix အထူးပြောက်ကျားတပ်ဖွဲ့ – ရေစကြို၊ ဒေါင်းညီနောင် PDF ၊ People’s Defense Force – Mandalay ၊ ဗိုလ်သမိုင်း၊ Black Wolf People’s Defense Force (MDY) ၊MDY-PDF ခရိုင်တပ်ရင်း(၃)၊တပ်ခွဲ(၃) မဟာမိတ်တပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ လို့ Phoenix

အထူးပြောက်ကျား တပ်ဖွဲ့ကပြောသည်။

ရုပ်သံ-Phoenix အထူးပြောက်ကျား တပ်ဖွဲ့

#Ayeyarwaddy_Times