ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၇ ရက်

လူ ၃၃ ဉီးထက်မနည်း သေဆုံးခဲ့ပြီး ထောင်ပေါင်းများစွာ အိုးအိမ်စွန့်ခွာခဲ့ရတဲ့ ထိုင်းနိုင်ငံနဲ့ နယ် စပ်ပဋိပက္ခ ဖြစ်ပွားနေစဉ် ကမ္ဘောဒီးယားသို့ စစ်လက်နက်တွေ ထောက်ပံ့နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ကို တရုတ်နိုင်ငံက ပယ်ချခဲ့ပါတယ်။

လက်ရှိ ကမ္ဘောဒီးယားနိုင်ငံ ပိုင်ဆိုင်နဲ့ တရုတ်နိုင်ငံထုတ် စစ်လက်နက်တွေအားလုံးဟာ သမိုင်း ဝင် ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းတွေရဲ့ရလဒ်တွေလို့ တရုတ်စစ်တပ်၊ နိုင်ငံတကာ ပူးပေါင်းဆောင် ရွက်ရေးရုံး၊ အာရှဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး ရှန်ဝေက ပြောပါတယ်။

“ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တစ်လျှောက် တင်းမာမှုတွေ စတင်ပြီးနောက်ပိုင်း ထိုင်းနဲ့ပဋိပက္ခ မှာ အသုံးပြုဖို့ တရုတ်က ကမ္ဘောဒီးယားသို့ မည်သည့်စစ်လက်နက်မျှ ထောက်ပံ့ခဲ့တာ မရှိပါဘူး။ မလို မုန်းထားသူတွေရဲ့ သတင်းတုတွေကို မယုံကြည်ပါနဲ့” လို့ သူက ပြောပါတယ်။

ကြာသပတေးနေ့က ပဋိပက္ခ စတင်ခဲ့ရာ နှစ်နိုင်ငံစလုံးက ၈၁၇ ကီလိုမီတာရှိ အငြင်းပွား နယ် စပ်တစ်လျှောက် လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

ကမ္ဘောဒီးယားစစ်တပ်က လက်နက်ကြီးတွေနဲ့ ရုရှားလုပ် BM-21 ဒုံးပစ်လောင်ချာတွေ အသုံးပြု ခဲ့လို့ သင့်တော်သလို လက်တုံ့ပြန်ခဲ့ရတယ်လို့ ထိုင်းစစ်တပ်က ပြောပါတယ်။

ကမ္ဘောဒီးယားက အပြည်ပြည်ဆိုင်ရာဥပဒေကို ချိုးဖောက်ခဲ့တယ်လို့ ကုလသမဂ္ဂဆိုင်ရာ ထိုင်း နိုင်ငံ သံအမတ်ကြီး ချတ်ချိုင်းချိုင်းဗိုင်ဗစ်က ပြောဆိုခဲ့ပါတယ်။

ထိုင်းနိုင်ငံက လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ကာ သူ့ပိုင်နက်အတွင်းရှိ လမ်းမတွေကို ဗုံး ကြဲခဲ့တယ်လို့ ကမ္ဘောဒီးယားနိုင်ငံက စွပ်စွဲခဲ့ပြီး ခြွင်းချက်မရှိ ချက်ချင်း အပစ်အခတ်ရပ်စဲဖို့ တောင်းဆိုခဲ့ တယ်လို့ ကုလသမဂ္ဂဆိုင်ရာ ကမ္ဘောဒီးယားသံအမတ်ကြီး ချီဟီရာကီယိုက သတင်းထောက်တွေကို ပြော ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံဟာ ၂၀၂၄ ခုနှစ်မှာ ကာကွယ်ရေးဘတ်ဂျက် ဒေါ်လာ ၁ ဒသမ ၃၄ ဘီလီယံ သုံးစွဲခဲ့ပြီး အမြဲတမ်းတပ်ဖွဲ့ဝင် ၁၂၄၃၀၀ ဉီးရှိကာ ထိုင်းစစ်တပ်ဟာ ၂၀၂၄ ခုနှစ်အတွင်း စစ်ရေးအသုံးစ ရိတ် ဒေါ်လာ ၅ ဒသမ ၇၃ ဘီလီယံရှိကာ အမြဲတမ်းတပ်ဖွဲ့ဝင် ၃၆၀၀၀၀ ဉီး ရှိခဲ့ပါတယ်။

ကိုးကား – Independent
Ref; China denies supplying new weapons to Cambodia amid its border conflict with Thailand