ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၇ ရက်

ထိုင်းနဲ့ကမ္ဘောဒီးယားကြား ပဋိပက္ခမှာ ကြားဝင်ဖျန်ဖြေပေးခဲ့တာကြောင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုတွေစတင်ဖို့ နှစ်နိုင်ငံစလုံးက သဘောတူလိုက်ပြီလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောပါတယ်။

ကြာသပတေးနေ့နောက်ပိုင်း အငြင်းပွား နယ်စပ်ဒေသမှာ နှစ်ဖက်ပဋိပက္ခ ဆက်လက်ဖြစ်ပွားခဲ့ ပါတယ်။

သူက ကမ္ဘောဒီးယားဝန်ကြီးချုပ်၊ ထိုင်း ယာယီဝန်ကြီးချုပ်တို့နဲ့ စကားပြောဆိုခဲ့တယ်လို့ ဒေါ် နယ်ထရမ့်က စနေနေ့မှာ လူမှုကွန်ရက်၌ ရေးသားခဲ့ပါတယ်။

လက်ရှိမှာ နှစ်နိုင်ငံစလုံးနဲ့ ကုန်သွယ်ရေး သဘောတူညီချက်တစ်ရပ်ရဖို့ လုပ်ဆောင်နေပေမယ့် စစ်ပွဲဆက်ဖြစ်နေရင် ဘယ်နိုင်ငံနဲ့မှ သဘောတူညီချက်ရမှာမဟုတ်ဖူးလို့ သူက ဆက်ပြောပါတယ်။

ချက်ချင်း တွေ့ဆုံကာ အပစ်အခတ်ရပ်စဲရေး မြန်ဆန်စွာ လုပ်ဆောင်ဖို့ ထိုင်းနဲ့ ကမ္ဘောဒီးယား ခေါင်းဆောင်တွေက သဘောတူခဲ့တယ်လို့ ဒေါ်နယ်ထရမ့်က ရေးသားခဲ့ပါတယ်။

ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ အောင်မြင်ချိန်မှာ နှစ်နိုင်ငံစလုံးနဲ့ ကုန်သွယ်ရေး သဘောတူညီ ချက်ရရှိဖို့ မျှော်လင့်တယ်လို့ ၎င်းက ဆိုပါတယ်။

နယ်စပ်တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံမှာ လူ ၂၀ ဉီး သေဆုံးကာ ၃၀ ကျော် ဒဏ်ရာရရှိခဲ့ပြီး ကမ္ဘောဒီးယားမှာ ၁၃ ဉီး သေဆုံးကာ ဒါဇင်နဲ့ချီ ဒဏ်ရာရရှိခဲ့ကာ နှစ်ဖက်စလုံးမှာ လူ ၁၁၀၀၀၀ ကျော် အိုးအိမ်စွန့်ခွာခဲ့ရပါတယ်။

ကြာသပတေးနေ့မှာ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က နှစ်နိုင်ငံခေါင်းဆောင်တွေနဲ့ ဖုန်းပြောဆိုခဲ့ကာ ချက်ချင်း အပစ်အခတ်ရပ်စဲဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။

မလေးရှားနိုင်ငံဟာ လက်ရှိမှာ အာဆီယံအဖွဲ့ရဲ့ အလှည့်ကျဉက္ကဌဖြစ်ပြီး ထိုင်းနဲ့ကမ္ဘောဒီးယား တို့ဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ ဖြစ်ပါတယ်။

ကိုးကား – NHK
Ref; Trump says Thailand and Cambodia agree to ceasefire talks