
ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၆ ရက်
အရှေ့အလယ်ပိုင်းဒေသမှာ ငြိမ်းချမ်းရေးရရှိဖို့ မျှော်လင့်ချက်တွေနဲ့ စက်တင်ဘာလမှာကျင်းပ မယ့် ကုလသမဂဂ္ဂ အထွေထွေညီလာခံမှာ ပြင်သစ်က ပါလက်စတိုင်းကို နိုင်ငံတစ်ခုအဖြစ် အသိအမှတ် ပြုဖို့ ရည်ရွယ်ကြောင်း သမ္မတ အီမန်နျူရယ်မေခရွန်က ပြောကြားခဲ့ရာ အစ္စရေးနဲ့ အမေရိကန်နိုင်ငံတို့ကို အမျက်ထွက်စေခဲ့ပါတယ်။
ပါလက်စတိုင်းကို အသိအမှတ်ပြုကြောင်း အတည်ပြုပြီး အခြားမိတ်ဖက်နိုင်ငံတွေလည်း အလား တူလုပ်ဆောင်ကြဖို့ တိုက်တွန်းထားတဲ့ စာတစ်စောင်ကို မေခရွန်က ပါလက်စတိုင်းသမ္မတ မာမွတ်အ ဘတ်စ်ထံ ပေးပို့ခဲ့ပါတယ်။
“အရှေ့အလယ်ပိုင်းဒေသမှာ တာရှည်ခံတဲ့ ငြိမ်းချမ်းရေးရရှိဖို့ သမိုင်းဝင် ကတိကဝတ်တစ်ခုအ ဖြစ် ပြင်သစ်က ပါလက်စတိုင်းနိုင်ငံတော်ကို အသိအမှတ်ပြုဖို့ ကျွန်တော် ဆုံးဖြတ်ခဲ့ပါတယ်” လို့ သူက ဆိုပါတယ်။
ဉရောပတိုက်မှာ ဂျူးနဲ့ မူဆလင်လူနည်းစု အများဆုံးနေထိုင်ရာ ပြင်သစ်နိုင်ငံဟာ ပါလက်စတိုင်း ကို နိုင်ငံတစ်ခုအဖြစ် အသိအမှတ်ပြုတဲ့ ပထမဆုံးသော အနောက်နိုင်ငံတစ်ခု ဖြစ်လာမှာဖြစ်ပါတယ်။
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမန်နေတန်ယာဟုက ပြင်သစ်ရဲ့ဆုံးဖြတ်ချက်ကို ရှုတ်ချခဲ့ပြီး ပြင်သစ် ရဲ့လုပ်ရပ်ဟာ အကြမ်းဖက်မှုကို ဆုချီးမြှင့်ခြင်းဖြစ်ကာ အီရန်ကြားခံနိုင်ငံတစ်ခု ဖန်တီးတာလို့ ပြောပါ တယ်။
ပြင်သစ်ရဲ့ဆုံးဖြတ်ချက်ဟာ အကြမ်းဖက်မှုဝါဒကို အညံ့ခံမှုတစ်ခုဖြစ်တယ်လို့ အစ္စရေး ကာကွယ် ရေးဝန်ကြီး အစ္စရေးကာတ်ဇ်က ပြောဆိုခဲ့ပြီး အစ္စရေးနိုင်ငံရဲ့ လုံခြုံရေးကို တည်ရှိမှုကို အန္တရာယ်ဖြစ်စေ မယ့် ပါလက်စတိုင်းနိုင်ငံ ထူထောင်မှုကို ခွင့်မပြုဘူးလို့ ဆိုပါတယ်။
ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ပါလက်စတိုင်းကို နိုင်ငံတစ်ခုအဖြစ် အသိအမှတ်ပြုမယ့် ပြင် သစ်ရဲ့အစီအစဉ်ကို အမေရိကန်နိုင်ငံက အပြင်းအထန် ပယ်ချတယ်လို့ နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီ ယိုက ပြောပါတယ်။
ငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းဖို့ ကနေဒါက အစ္စရေးကို ဖိအားပေးခဲ့ပြီး ဂါဇာဒေသမှာ လူသား ချင်းစာနာမှုဘေး ပိုဆိုးရွားလာစေမှုကြောင့် ဝန်ကြီးချုပ် မတ်ခ်ကာနေးက ရှုတ်ချခဲ့ပါတယ်။
ပါလက်စတိုင်းကို နိုင်ငံတစ်ခုအဖြစ် အသိအမှတ်ပြုထားတဲ့ စပိန်ဝန်ကြီးချုပ် ပက်ဒရိုဆန်းချက်ဇ် က ပြင်သစ်နိုင်ငံရဲ့ ကြေညာချက်ကို ကြိုဆိုလိုက်ပါတယ်။
ကိုးကား – AFP
Ref; US ‘strongly rejects’ French plan to recognise Palestine, Saudis hail ‘historic decision’