
ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၅ ရက်
ရုရှားနိုင်ငံအရှေ့ဖျား Amur ဒေသမှာ လူ ၄၀ ကျော် တင်ဆောင်လာတဲ့ ခရီးသည်တင်လေယာဉ် တစ်စင်း ပျက်ကျခဲ့ရာ အသက်ရှင်သူမရှိကြောင်း နိုင်ငံပိုင် TASS သတင်းဌာနက လေကြောင်းပျံသန်း ရေးဌာနမှ တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး ပြောပါတယ်။
ဒေသန္တရ လေကြောင်းလိုင်းတစ်ခုဖြစ်တဲ့ Angara Airlines ကပိုင်ဆိုင်တဲ့ အဆိုပါလေယာဉ်ဟာ ကြာသပတေးနေ့က ပျက်ကျခဲ့တာလို့ ရုရှားမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
Antonov An-24 အမျိုးအစား အဆိုပါလေယာဉ်ဟာ Amur ဒေသရှိ အဓိကမြို့တော်တစ်ခုဖြစ် တဲ့ ဘလာဂိုဗက်ရှ်ချန့်ခ်မြို့မှ ကီလိုမီတာ ၇၀၀ ခန့်အကွာရှိ တိုင်ဒါမြို့သို့ ပျံသန်းနေစဉ် ဒေသန္တရစံတော် ချိန် ၁ နာရီကျော်မှာ လေကြောင်းထိန်းချုပ်ရေးနဲ့ အဆက်အသွယ် ပြတ်တောက်သွားခဲ့ပါတယ်။
ယင်းလေယာဉ်ပေါ်မှာ ခရီးသည် ၄၃ ဉီးနဲ့ အမှုထမ်းခြောက်ဉီး ပါရှိခဲ့တယ်လို့ ဒေသအုပ်ချုပ်ရေး မှူးက ပြောပါတယ်။
လေယာဉ်ပျက်ကျရာနေရာမှာ တိုင်ဒါမြို့မှ ၁၆ ကီလိုမီတာအကွာ သစ်တောဧရိယာတစ်ခု ဖြစ် တယ်လို့ TASS သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
သစ်တောမှ မီးခိုးဖြူတွေ ထွက်ပေါ်နေပြီး လေယာဉ်အပျက်အစီးတွေကို လေကြောင်းပျံသန်းရေး ဌာနမှ အာဏာပိုင်တွေ ထုတ်ပြန်တဲ့ ရုပ်သံဖိုင်တစ်ခုက ဖော်ပြပါတယ်။
ကိုးကား – NHK
Ref; Russian media: All people aboard passenger plane feared dead in Far East crash