ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၅ ရက်

တစ်ကယ့်စစ်ပွဲအတွက် အသင့်ပြင်ထားဖို့ အမြောက်တပ်ဖွဲ့ရဲ့ ပစ်ခတ်မှုပြိုင်ပွဲကို ကြည့်ရှုခဲ့တဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က စစ်တပ်ကို တိုက်တွန်းခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက ဇူ လိုင်လ ၂၄ ရက်မှာ ဖော်ပြခဲ့ပါတယ်။

သုံးနှစ်ကျော်ကြာ ယူကရိန်းကျူးကျော်စစ်မှာ ရုရှားကို ကူတိုက်ပေးဖို့ မြောက်ကိုရီးယားက တပ် ဖွဲ့ဝင်တွေနဲ့ စစ်လက်နက်တွေ ပေးပို့ပြီးနောက် သူက အခုလို မှတ်ချက်ပြုတာပါ။

ဘယ်အချိန်မှာမဆို စစ်တိုက်နိုင်ရေး အသင့်ဖြစ်ဖို့နဲ့ မည်သည့်တိုက်ပွဲမှာမဆို ရန်သူကို ဖျက်ဆီး နိုင်စွမ်းရှိဖို့ ကင်ဂျုံအန်က မြောက်ကိုရီးယားစစ်သားတွေကို မှာကြားခဲ့ပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ ပြီးခဲ့တဲ့နှစ်အတွင်း အမြောက်ကျည်ဆံတွေ၊ ဒုံးကျည်တွေ၊ တာဝေး ပစ်ဒုံးပျံတွေနဲ့အတူ ရုရှားနိုင်ငံ၊ ကာတ်စ်ဒေသသို့ တပ်ဖွဲ့ဝင် ၁၀၀၀၀ ကျော် စေလွတ်ခဲ့တယ်လို့ တောင် ကိုရီးယားနဲ့ အနောက်နိုင်ငံ ထောက်လှမ်းရေးအဖွဲ့တွေက ဖော်ပြခဲ့ပါတယ်။

ရုရှားကို ကူတိုက်ပေးတဲ့ မြောက်ကိုရီးယားစစ်သား ၆၀၀ ဝန်းကျင် ကျဆုံးခဲ့ကာ ထောင်နဲ့ချီ ဒဏ်ရာရရှိခဲ့တယ်လို့ တောင်ကိုရီးယားနိုင်ငံက ပြောပါတယ်။

မကြာသေးမီက ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာရော့ဗ်နဲ့ ဆွေးနွေးမှုအတွင်း ကင်ဂျုံအန်က ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်ကို အပြည့်အဝ ထောက်ခံခဲ့ပါတယ်။

ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ ပြုံယမ်းခရီးစဉ်အတွင်း အပြန်အလှန် ကာကွယ်ရေးပါဝင်တဲ့ စစ် ဘက်ဆိုင်ရာ သဘောတူညီချက်တစ်ရပ်ကို မြောက်ကိုရီးယားနဲ့ရုရှားက ပြီးခဲ့တဲ့နှစ်အတွင်း လက်မှတ် ရေးထိုးခဲ့ပါတယ်။

ကိုးကား – AFP
Ref; North Korea’s Kim urges troops to prepare ‘for real war’