ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၅ ရက်

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ချီးကျူးတဲ့စာတစ် စောင် ပေးပို့ပြီး စည်းကြပ်ခွန် လျှော့ပေါ့ပေးဖို့နဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ဖြေလျှော့ဖို့ တောင်းဆိုပြီးနှစ် ပတ်အကြာမှာ အမေရိကန်နိုင်ငံက မြန်မာစစ်ကောင်စီနဲ့နီးကပ်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ဖယ်ရှားလိုက်ပြီဖြစ်ပါတယ်။

မြန်မာစစ်ကောင်စီနဲ့ပတ်သက်မှုကြောင့် ယခင်က အမည်ပျက်စာရင်းသွင်းခံထားရတဲ့ စီးပွားရေး လုပ်ငန်းလေးခုနဲ့ လူပုဂ္ဂိုလ်တွေအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရုတ်သိမ်းခဲ့တာပါ။

မြန်မာစစ်တပ်က ရွေးကောက်ခံအစိုးရကို ဖြုတ်ချပြီး တစ်နှစ်အကြာ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှာ KT Services & Logistics နဲ့ တည်ထောင်သူကို ဒဏ်ခတ်ပိတ်ဆို့ခဲ့ပါတယ်။

မြန်မာစစ်ကောင်စီရဲ့ စစ်လက်နက်ဝယ်ယူမှုမှာ ပါဝင်မှုကြောင့် စစ်တိုင်းအောင်နဲ့ အောင်လှိုင်ဉီး နဲ့ ဂျိုနသန်မျိုးကျော်သောင်းတို့ကို အမည်ပျက်စာရင်းသွင်းကာ အာဏာသိမ်းမှု ၃ နှစ်ပြည့်နေ့မှာ တင် လတ်မင်းကို ဒဏ်ခတ်ပိတ်ဆို့မှု စာရင်းသွင်းခဲ့ပါတယ်။

မြန်မာ့ပို့ကုန်တွေအပေါ် စည်းကြပ်ခွန် ၄၀ ရာခိုင်နှုန်းသတ်မှတ်ချက်ကို လျှော့ချပေးဖို့ မင်း အောင်လှိုင်က ဒေါ်နယ်ထရမ့်ကို တောင်းဆိုခဲ့ပြီး လိုအပ်ပါက ဝါရှင်တန်မြို့တော်သို့ စေ့စပ်ညှိနှိုင်ရေးအ ဖွဲ့ စေလွှတ်ဖို့ အဆင်သင့်ရှိတယ်လို့ ပြောပါတယ်။

နှစ်နိုင်ငံပြည်သူတွေနဲ့ အကျိုးစီးပွားနဲ့ သာယာဝပြောမှုကို အဟန့်အတားဖြစ်စေတဲ့ မြန်မာနိုင်ငံ အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဖြေလျှော့ကာ ရုတ်သိမ်းပေးတာ စဉ်းစားဖို့လည်း ၎င်းက ဒေါ်နယ်ထ ရမ့်ကို တောင်းဆိုခဲ့ပါတယ်။

အမေရိကန်ရဲ့လုပ်ဆောင်ချက်ကို အံ့အားသင့်ရပြီး ရည်ရွယ်ချက်ကို နားမလည်ဘူးလို့ လူ့အခွင့် အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) ရဲ့ အာရှဆိုင်ရာ ညွှန်ကြားရေးမှူး ဂျွန်ဆက်တန်က ပြောပါတယ်။

“ဒီလုပ်ဆောင်ချက်ဟာ လူသားမျိုးနွယ်စုအပေါ် ရာဇဝတ်မှုနဲ့ လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန် ကာ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းခဲ့တဲ့ မြန်မာစစ်ကောင်စီကို အရေးယူဖို့ ဗဟိုပြုတဲ့ အမေရိကန်ရဲ့ မူဝါဒမှာ အရေးပါတဲ့ အပြောင်းအလဲတစ်ခု ဖြစ်ပါတယ်” လို့ ၎င်းက ဆိုပါတယ်။

ကိုးကား – Reuters
Ref; US lifts sanctions on Myanmar junta allies after general praises Trump