ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၄ ရက်

လေကြောင်းရန် ကာကွယ်ရေးစွမ်းရည် မြှင့်တင်ဖို့နဲ့ သံချပ်ကာယာဉ်တွေ ထောက်ပံ့မယ့် ယူက ရိန်းသို့ ဒေါ်လာ ၃၂၂ သန်းတန်ကြေးရှိ စစ်လက်နက်တွေရောင်းချဖို့ အတည်ပြုလိုက်ပြီလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

ကွန်ဂရက်က အတည်ပြုဖို့ ကျန်နေသေးတဲ့ စစ်လက်နက်ရောင်းချမှုမှာ ဒေါ်လာ သန်း ၁၅၀ တန် ကြေးရှိ သံချပ်ကာယာဉ်တွေ ပြုပြင်ထိန်းသိမ်းဖို့နဲ့ ဒေါ်လာ ၁၇၂ သန်းတန်ကြေးရှိ မြေပြင်-ဝေဟင်ခွင်းဒုံး ကျည်တွေ ပါဝင်ပါတယ်။

ယူကရိန်းသို့ စစ်လက်နက်တင်ပို့မှု ဆက်လက်ပြုလုပ်ဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဒီလအစောပိုင်းမှာ မူဝါဒပြောင်းလဲဖို့ ကတိပြုခဲ့ပြီးနောက် အခုလို ယူကရိန်းသို့ စစ်လက်နက်ရောင်းချဖို့ အတည်ပြုတာပါ။

“ယူကရိန်းဟာ ကိုယ့်ကိုယ်ကိုယ် ခုခံနိုင်စွမ်းရှိရပါမယ်။ ကျွန်တော်တို့ ယူကရိန်းသို့ စစ်လက်နက် အချို့ ပေးပို့တော့မှာဖြစ်ပါတယ်” လို့ ၎င်းက ဆိုပါတယ်။

ဥရောပမဟာမိတ်တွေက ယူကရိန်းသို့ လွှဲပြောင်းနိုင်မယ့် အမေရိကန်ထုတ် စစ်လက်နက်တွေ ဝယ်ယူနိုင်မယ့် အစီအစဉ်တစ်ခုကို ဒေါ်နယ်ထရမ့်ဟာ မကြာသေးမီက ထောက်ခံခဲ့ပါတယ်။

ရုရှားကျူးကျော်စစ် စတင်ပြီးနောက်ပိုင်း အမေရိကန်နိုင်ငံဟာ ယူကရိန်းသို့ ဒေါ်လာ ၆၇ ဘီလီ ယံကျော်တန်ကြေးရှိ စစ်လက်နက်နဲ့ လုံခြုံရေးအကူအညီတွေ ထောက်ပံ့ခဲ့ပါတယ်။

ဒေါ်နယ်ထရမ့် သမ္မတအဖြစ် ဒုတိယသက်တမ်း ရွေးကောက်ခံရပြီးနောက် ယူကရိန်းသို့ စစ်ရေး အကူအညီ ပိုမို ပေးအပ်နိုင်ရေးနဲ့ပတ်သက်လို့ ပြန်လည်သုံးသပ်ခဲ့ပါတယ်။

ကိုးကား – AP
Ref; State Department approves $322 million in proposed weapons sales to Ukraine