
ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၄ ရက်
ဧရာ၀တီတိုင်း၊ ပန်းတနော်မြို့နယ် ပုသိမ်-ရန်ကုန်ကားလမ်းဘေးရှိ Lann Cottage Resort & Spa အပန်းဖြေဥယျာဥ်တွင် အပျော်စီးလှေ တိမ်းမှောက်ပြီး ကျောင်းသားတစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါအပန်းဖြေစခန်းတွင် ပန်းတနော်မြို့ မှ ကျောင်သားဆယ်ဦးခန့်သည် ဇူလိုင် ၁၈ ရက်နေ့က မွေးနေ့ပွဲ ကျင်းပစဉ် အပျော်စီးလှေ စီးရာမှ တိမ်းမှောက်ခဲ့ပြီး တစ်ဥဦးသေဆုံးခဲ့ကြောင်း သိရသည်။
“အဲ့ကလေးက ဒီနေ့ရက်လည်ပါတယ် မိဘတွေ ခွင့်ပြုချက်နဲ့ သွားကြတာ။ ဒါပေမယ့် ကန်ထဲမှာလှေမှောက်နေတာ ကယ်မယ့်သူမရှိ တာတော့ အတော်ဆိုးတယ် မသေသင့်ပဲသေရတာ”ဟု ဒေသခံတစ်ဦးမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။
သေဆုံးသွားသူမှာ ပန်းတနော်မြို့တွင် Grade 11 တက်ရောက်နေသောမောင်ရဲရင့်မောင်မောင်ဆိုသူဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူများကပြောသည်။
အပန်းဖြေစခန်းရှိ ရေကန်တွင် အပျော်စီးလှေထားရှိသော်လည်း အစောင့်မထားရှိခြင်း၊ အသက်ကယ်၀တ်စုံ စီစဥ်မပေးခြင်း နှင့် လှေမှောက်ချိန်တွင် ကူညီမှုမရှိခြင်းများကြောင့်ဒေသခံများက ဝေဖန်နေကြသည်။