
ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၄ ရက်
ထိုင်းနိုင်ငံဟာ ကမ္ဘောဒီးယားနဲ့ မကြာသေးမီက မြေမြှုပ်မိုင်းဖြစ်စဉ်ကို လက်တုံ့ပြန်မှု အရှိန်မြှင့် ခဲ့ပြီး ဖနောင်ပင်မြို့တော်မှ သူ့သံအမတ်ကို ပြန်ခေါ်ကာ ထိုင်းနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားသံအမတ်ကို နှင်ထုတ်ကြောင်း ကြေညာလိုက်ပါတယ်။
ဒုတိယဝန်ကြီးချုပ် ဖန်သမ်ဝီချာရာချိုင်း အတည်ပြုခဲ့တဲ့ ယခုလုပ်ရပ်ဟာ အာဆီယံအိမ်နီးချင်း နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေး အဆင့်လျှော့ချလိုက်တာ ဖြစ်ပါတယ်။
ဉဘွန်ရတ်ချာသာနီပြည်နယ်မှာရှိတဲ့ အငြင်းပွားနယ်မြေမှာ ထိုင်းစစ်သားတစ်ဉီး မြေမြှုပ်မိုင်း နင်းမိမှုကြောင့် ညာဘက်ခြေထောက် ဒဏ်ရာရရှိပြီးနောက် ထိုင်းနိုင်ငံက အခုလို ဆုံးဖြတ်လိုက်တာပါ။
ဒုတိယကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး နတ်သာပူလ်နတ်ပါနစ်ချ်ထံ တင်ပြခဲ့တဲ့ ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ထောက်လှမ်းရေးသတင်းတွေအရ ထိုင်းကင်းလှည့်အဖွဲ့ဟာ အသစ်ထောင်ထားတဲ့ မြေ မြှုပ်မိုင်းတစ်လုံး တွေ့ရှိခဲ့တယ်လို့ ဝီချာရာချိုင်းက အတည်ပြုခဲ့ပါတယ်။
ထိုင်းအစိုးရက အမှတ် ၂ စစ်ဒေသလက်အောက်ရှိ နယ်စပ်စစ်ဆေးရေးဂိတ်အားလုံး ချက်ချင်း ပိတ်သိမ်းဖို့ ညွှန်ကြားခဲ့တာကြောင့် ကမ္ဘာလှည့်ခရီးသွားတွေ အဆိုပါဂိတ်တွေမှ လာရောက်မှုကို ပိတ်ပင် လိုက်ပြီဖြစ်ပါတယ်။
“ကျွန်တော်တို့ အခြေအနေကို စဉ်းစားခဲ့ပြီး ကမ္ဘောဒီးယားနဲ့ သံတမန်ဆက်ဆံရေး အဆင့်လျှော့ မှာဖြစ်ပါတယ်” လို့ ဝီချာရာချိုင်းက ဆိုပါတယ်။
အဆိုပါဆုံးဖြတ်ချက်အရ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကို ပြန်ခေါ်ကာ ထိုင်းနိုင်ငံ ဆိုင်ရာ ကမ္ဘောဒီးယားသံအမတ်ကို နေရပ်ပြန်ပို့မှာဖြစ်ပါတယ်။
ကိုးကား – The Nation Thailand
Ref; Thailand Recalls Envoy, Expels Cambodian Counterpart Amidst Border Mine Row