
ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၄ ရက်
ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တွင် ယနေ့နံနက်ပိုင်းက နှစ်နိုင်ငံတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားပြီးနောက် ထိုင်းတော်ဝင်လေတပ်၏ F-16 ဂျက်တိုက်လေယာဉ် ခြောက် စင်း အား တပ်ဖြန့်ချထားခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ပွဲသည် ဥဘွန်ရတ်ချာဌာနီပြည်နယ်၊ နမ်ယုမ်ခရိုင်ရှိ ချောင်အန်မာ (Chong Anma) တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး F-16 ဂျက်တိုက်လေယာဉ်များသည် ယနေ့ ဇူလိုင် ၂၄ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ် (ထိုင်းစံတော်ချိန်) က ချောင်အန်မာရှိ ကမ္ဘောဒီးယားစစ်စခန်းတစ်ခုအား စတင်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြခဲ့သည်။
နောက်ပိုင်းတွင် ထိုင်းနိုင်ငံ ဒုတိယစစ်တိုင်း၏ တရားဝင်စာမျက်နှာက ထုတ်ပြန်ရာတွင် F-16 လေယာဉ်များသည် ကမ္ဘောဒီးယား၏ ခြေလျင်တပ်မ ၈ နှင့် ၉ ၏ ဌာနချုပ်များကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဖျက်ဆီးနိုင်ခဲ့ကြောင်း အတည်ပြုခဲ့သည်။
ကိုးကား- Khaosod English၊ The Nation Thailand