အီရတ်ဘာသာရေးခေါင်းဆောင် ထောက်ခံသူတွေက အစိုးရအိမ်တော်ကို ဝင်စီးနင်းရာ ၁၅ ဦး သေဆုံး

ဧရာဝတီတိုင်းမ်

သြဂုတ်လ ၃၀ ရက်

သြဇာကြီးမားသော အီရတ် ရှီးယိုက်ဘာသာရေးခေါင်းဆောင်တစ်ဦး ရာထူးမှနှုတ်ထွက်ပြီးနောက် ဆန္ဒပြ သူတွေက ဘဂ္ဂဒတ်မြို့တော်ရှိ အစိုးရိအိမ်တော်ကို စီးနင်းတိုက်ခိုက်ရာ လူ ၁၅ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ရှီးယိုက် ဘာသာရေးခေါင်းဆောင် မွတ်တာဒါအယ်ဆာဒါက နိုင်ငံရေးမှနှုတ်ထွက်တယ်လို့ ကြေညာပြီး ပါတီရုံးတွေပိတ်သိမ်းဖို့ ညွှန်ကြားပြီးနောက် ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေက ဘဂ္ဂဒတ်မြို့တော်ရှိ အစိုးရအိမ်တော်ကို စီးနင်းခဲ့ရာ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

အကြမ်းဖက်မှုနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တွေက မျက်ရည်ယိုဗုံး၊ သေနတ်နဲ့ပစ်ခတ်ကာ ဖြိုခွင်းတာကြောင့် ဆန္ဒပြသူအများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။

အီရတ်အစိုးရက တစ်နိုင်ငံလုံးအတိုင်းအတာ ညမထွက်ရအမိန့်ကို ကြေညာခဲ့ပြီး အိမ်စောင့်အစိုးရ ဝန် ကြီးချုပ်က အစိုးရအဖွဲ့ အစည်းအဝေးတွေကို ရပ်ဆိုင်းခဲ့ပါတယ်။

နောက်ထပ် သွေးထွက်သံယိုမှုတွေမဖြစ်အောင် လုံခြုံရေးထူထပ်စွာချထားတဲ့ အစိုးရအိမ်တော်မှ ချက် ချင်း ထွက်ခွာကြဖို့ အီရတ်စစ်တပ်က ဆန္ဒပြသူတွေကို တောင်းဆိုလိုက်ပါတယ်။

အယ်လ်ဆာဒါရဲ့ပါတီက ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကပြုလုပ်တဲ့ လွှတ်တော်ရွေးကောက်ပွဲမှာ အမတ် နေရာ အများစု အနိုင်ရရှိခဲ့ပေမယ့် အစိုးရဖွဲ့နိုင်လောက်တဲ့အထိ မရခဲ့တာကြောင့် အီရတ်အစိုးရက မတိုးသာမ ဆုတ်သာ အခြေအနေဖြစ်နေခဲ့တာပါ။

အကျိုးဆက်အနေနဲ့ အီရတ်နိုင်ငံမှာ နိုင်ငံရေးမသေချာမှုတွေ ဖြစ်လာခဲ့ပြီး အယ်လ်ဆာဒါက အီရန်နိုင်ငံရဲ့ ကျောထောက်နောက်ခံမှုရထားတဲ့ ပြိုင်ဘက်တွေနဲ့ စေ့စပ်ညှိနှိုင်းဖို့ ငြင်းဆန်ကာ ဆွေးနွေးမှုများမှ နှုတ်ထွက်ခဲ့ပါ တယ်။

ကိုးကား – Sky News

Ref; At least 15 killed after supporters of Iraqi Shiite cleric Muqtada al-Sadr storm government palace