
မြဝတီမြို့မှာ လျှပ်စစ် ၁ ပတ်ကျော်ပြတ်လို့ ဟိုတယ်နဲ့ တည်းခိုခန်းတွေ အခန်းပြည့်လာ(တစ်မိနစ်ရုပ်သံ)
ကရင်ပြည်နယ်၊ မြဝတီမြို့မှာ အာဏာသိမ်းစစ်ကောင်စီလက်ထက် လျှပ်စစ်မီးပြတ်တာ ၁ ပတ်ကျော် ကြာလာပြီးနောက်ပိုင်း မြို့ပေါ်မှာရှိတဲ့ ဟိုတယ်နဲ့ တည်းခိုခန်းတွေမှာ အခန်းတွေပြည့်လာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ထိုင်း – မြန်မာနယ်စပ် မြဝတီမြို့မှာ စစ်ကောင်စီတပ်လက်အောက်ခံဝန်ထမ်းတွေက ဩဂုတ်လ တတိယပတ် လောက်ကစတင်ကာ လျှပ်စစ်မီးဖြတ်တောက်ထားပြီးနောက်ပိုင်း ငွေကြေးတက်နိုင်တဲ့ သူတွေနဲ့ တခြား နိုင်ငံကနေ စီးပွားရေးလာရောက်လုပ်ကိုင်သူတွေက မြို့ပေါ်မှာရှိတဲ့ တည်းခိုခန်းတွေ ဟိုတယ်တွေမှာ
အခန်းငှားနေလာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။