
သြဂုတ်လ ၃၀ ရက်နေ့ နိုင်ငံတဝှမ်း ဖြစ်ပွားခဲ့သောသတင်းများ(Ayeyarwaddy Times News SMS)
– ကန်ကြီးထောင့်မြို့က စစ်ကောင်စီခန့်ရာအိမ်မှူးမောင်းလာတဲ့ သုံးဘီးဆိုင်ကယ်ပေါ် ဗုံးပေါက်ကွဲလို့ အပြင်းအထန် ဒဏ်ရာရ
– မြဝတီမြို့မှာ လျှပ်စစ်မီး ၁ ပတ်ကျော်ပြတ်လို့ ဟိုတယ်နဲ့ တည်းခိုခန်းတွေ အခန်းပြည့်လာ
– ထန်တလန်မြို့ကို နေရာပြောင်းရွှေ့ဖို့ စစ်ကောင်စီ ပြင်ဆင်နေမှုအပေါ် မြို့ခံများကန့်ကွက်
– KNU ထိန်းချုပ်နယ်မြေထဲတွေမှာ တိုက်ပွဲတွေ ဖြစ်ပွားလာမှာကို ဒေသခံတွေ စိုးရိမ်
– မုံရွာမြို့မှာ အငြိမ်းစား ကျောင်းအုပ်ဆရာတစ်ဦးကို စစ်ကောင်စီ တပ်ဖွဲ့ စစ်ကားနဲ့ ဝင်တိုက်
– တောင်ဒဂုံမြို့နယ်နဲ့ ကျောက်တန်းမြို့နယ်မှာ ဗုံးပေါက်ကွဲမှုဖြစ်
– စစ်ကိုင်းမြို့နယ် တောင်မြို့ကျေးရွာနဲ့ တောင်ကြားကျေးရွာကို စစ်ကောင်စီတပ် ဝင်ရောက် မီးရှို့
– မိုးကုတ်မြို့ စစ်ကြောင်းထိုးပြန်လာတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရ
– NUG အစိုးရနှင့် ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာများ အွန်လိုင်းက တွေ့ဆုံ
– ကရင်နီစစ်ရှောင်ပြည်သူများ ရိက္ခာရှာပါးပြတ်လပ်ပြီး ထမင်းနပ်မှန်အောင် မစားနိုင်သူများရှိနေ