
ပင်လယ်ပြင်မှာ စက်လှေပျက်ပြီးမျောနေတဲ့ ရိုဟင်ဂျာ ၅၉ ဦးနဲ့ သေဆုံးနေသူ ၆ ဦးကို ဘိုကလေးမြို့မှာ ဖမ်းဆီးထား
နွေဦးမောင်/ဧရာဝတီတိုင်းမ်
(ဘိုကလေး)၊ သြဂုတ်လ ၃၀ ရက်
ဧရာ၀တီတိုင်း၊ ဘိုကလေးမြို့မှာ မနေ့က သြဂုတ်လ ၂၉ ရက်နေ့က စစ်ကောင်စီရေတပ်က ပင်လယ်ပြင်ထဲမှာ စက်လှေပျက်ပြီးမျောလာတဲ့ သေဆုံးနေတဲ့ ရိုဟင်ဂျာ ၆ ဦး အပါအဝင် ၆၅ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ အုပ်ချုပ်ရေးအဖွဲ့နဲ့နီးစပ်သူတွေထံကနေသိရပါတယ်။
စက်လှေပေါ်မှာ ရိုဟင်ဂျာလူမျိုး ၆၅ ဦး
ပါ၀င်ပြီး အစာရေစာပြတ်လို့ သေဆုံးသူ ရိုဟင်ဂျာ အမျိုးသား ၃ ဦး၊ အမျိုးသမီး ၃ ဦး အသက်ရှင်လျက်ကျန်တဲ့ အမျိုးသား ၃၆ဦး နဲ့ အမျိုးသမီး ၂၉ ပေါင်း ၅၉ ဦးကို စစ်ကောင်စီရေတပ်က ဖမ်းဆီးလာတာလို့ သိရပါတယ်။
“အမာမြို့ ဂယက်ကြီးကျွန်းနားမှာစက်လှေတစ်စီးတွေ့လို့ ရေတပ်က သွားဖမ်းတာ။ ပင်လယ်ထဲမှာစအစာရေစာပြတ်ပြီးမျောနေတာ။ အထဲမှာလဲ သေနေတာ ၆ လောင်းတွေ့ရတယ်။
စက်လှေက စက်ပျက်ပြီးမျောနေတာ။ ဘယ်လောက်ကြာနေမှန်းမသိဘူး” လို့ အုပ်ချုပ်ရေးအဖွဲ့နဲ့နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
အသက်ရှင်ကျန်ရစ်တဲ့ ၅၉ ဦး မှာလည်း
ကျန်းမာရေးမကောင်းတာကြောင့် လက်ရှိ ဘိုကလေးမြို့မှာ ဆေးကုသပေးနေပြီး နောက်ပိုင်း လ၀ကဥပဒေနဲ့ အရေးယူဖို့ပြင်ဆင်နေတယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေဆီကနေ သိရပါတယ်။
#ပင်လယ်ပြင် #စက်လှေပျက် #ရိုဟင်ဂျာ #
#Ayeyarwaddy_Times