ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၇ ရက်

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်တွင် မိန်းကလေး ငယ်တစ်ဦး TikTok ကရင်း တိုက်ပေါ်မှပြုတ်ကျခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဇူလိုင် ၁၆ ရက်နေ့ ည ၈ နာရီကျော်ခန့်တွင် ချမ်းမြသာစည်မြို့နယ်၊ ၄၅×၄၆ ကြား ၁၁၄ လမ်းတွင် နေထိုင်သည့် မိန်းကလေးငယ်တစ်ဦးသည် TikTok ကရာ နှစ်ထပ်တိုက်ပေါ်မှပြုတ်ကျခဲ့ကြောင်း မြရည်နန္ဒာလူမှုကူညီရေးအသင်း ထံမှ သိရသည်။

“ညာဘက်ခြေထောက်နဲ့ ဦးခေါင်းထိသွားတယ်။ လောဆယ် ဆေးရုံကြီးကို ပို့ထားပါတယ်။ TikTok ကရင်း ပြုတ်ကျတာ”ဟုမြို့ခံကူညီကယ်ဆယ်ရေးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

TikTok ကရင်း တိုက်ပေါ်မှပြုတ်ကျခဲ့သည့် မိန်းကလေးငယ်သည် အသက် ၁၄ နှစ်ဖြစ်ပြီး လက်ရှိတွင် မန္တလေးဆေးရုံကြီးတွင် ကုသမှုခံယူနေကြောင်း သိရသည်။
Photo- မြရည်နန္ဒာလူမှုကူညီရေးအသင်း