ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၇ ရက်

ရုရှားနိုင်ငံနဲ့ ကုန်သွယ်မှုပြုလုပ်ရင် အမေရိကန်နိုင်ငံရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ခံရမယ်ဆိုတဲ့ နေ တိုးအဖွဲ့ အတွင်းရေးမှူးချုပ် မတ်ခ်ရုတေးရဲ့ ဘရာဇီး၊ တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေအပေါ် သတိပေးချက် ကို တရုတ်က ဇူလိုင်လ ၁၆ ရက်မှာ ပယ်ချလိုက်ပါတယ်။

“တွေ့ဆုံမှုနဲ့ စေ့စပ်ညှိနှိုင်းမှုတွေဟာ ယူကရိန်းအရေး ဖြေရှင်းနိုင်တဲ့ တစ်ခုတည်းသော နည်း လမ်းဖြစ်ပါတယ်” လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူ လင်ကျင်းက ပေကျင်းမြို့ မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

တစ်ဖက်သတ် ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ လက်နက်တပ်ဆင်မှုကို တရုတ်က ဆန့်ကျင်ကြောင်း၊ ကုန်သွယ်ရေးစစ်ပွဲမှာ အနိုင်ရသူမရှိကြောင်း ၎င်းက ပြောပါတယ်။

“ရုရှားက ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေပြုလုပ်ဖို့ ဆန္ဒမရှိပါဘူး။ ရုရှားက ရက် ၅၀ အတွင်း အပစ် အခတ်ရပ်စဲဖို့ သဘောမတူရင် အိန္ဒိယ၊ တရုတ်နဲ့ ဘရာဇီးလို တိုင်းပြည်တွေအပေါ် ဒေါ်နယ်ထရမ့်က ဒဏ်ခတ်ပိတ်ဆို့ပါလိမ့်မယ်” လို့ မတ်ခ်ရုတေးက သတင်းထောက်တွေကို ပြောပါတယ်။

ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး သဘောတူညီချက်ကို ရက် ၅၀ အတွင်း မရရှိပါက ရုရှားအပေါ် စည်းကြပ်ခွန် ၁၀၀ ရာခိုင်နှုန်း သတ်မှတ်မယ်လို့ ဒေါ်နယ်ထရမ့် ခြိမ်းခြောက်ပြီးနောက် သူက အခုလို မှတ်ချက်ပြုတာပါ။

ယူကရိန်းအကျပ်အတည်းကို နိုင်ငံရေးအရ အဖြေရှာမယ့် အခြေအနေတွေကို အဖွဲ့အစည်းတွေ က ဖန်တီးဖို့ မျှော်လင့်ကြောင်း လင်ကျင်းက ဆက်ပြောပါတယ်။

အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေးဟောင်း မိုက်ခ်ဝပ်ဇ်ရဲ့ တရုတ်နိုင်ငံအပေါ် မှတ်ချက်စ ကားတွေကိုလည်း သူက ပယ်ချခဲ့ပါတယ်။

“ကုလသမဂ္ဂမှာ တရုတ်ရဲ့သြဇာကြီးလာတာကို ပိတ်ပင်ရပါမယ်။ တရုတ်ရဲ့သြဇာကြီးကို စိန်ခေါ် ဖို့ နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုနဲ့ လက်တွဲဆောင်ရွက်ပါမယ်” လို့ မိုက်ခ်ဝပ်ဇ်က ဆိုပါတယ်။

ကိုးကား – Anadolu
Ref; China rejects NATO chief’s warning of US sanctions over Ukraine war