ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၇ ရက်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အပစ်အခတ်ရပ်စဲရေးကို လက်ခံဖို့ ရုရှားကို တောင်းဆို လင့်ကစား ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းကို တိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ်နေပါတယ်။

ရုရှားနိုင်ငံဟာ အင်္ဂါနေ့ညပိုင်းမှ ဗုဒ္ဓဟူးနေ့အထိ ဒရုန်းအစင်း ၄၀၀၊ ဒုံးကျည်တစ်စင်းနဲ့ တိုက် ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ယူကရိန်းလေတပ်ဖွဲ့က ပြောပါတယ်။

ဒရုန်းအများစုကို ဖျက်ဆီးခဲ့ပေမယ့် ယူကရိန်းအနောက်ပိုင်းမှာ စက်ရုံတစ်ရုံအပါအဝင် အ ဆောက်အအုံအချို့ ထိမှန်ခဲ့ပြီး လူရှစ်ဉီး ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။

ယူကရိန်းအရှေ့ပိုင်း ခါကတ်ဗ်ဒေသမှာ မိနစ် ၂၀ ကြာ တိုက်ခိုက်မှုကြောင့် ပေါက်ကွဲမှု ၁၇ ကြိမ် ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။ တိုက်ခိုက်မှုကြောင့် လူနှစ်ဉီး သေဆုံးခဲ့ပြီး လူအချို့ ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသန္တရ အာဏာပိုင်တွေက ပြောပါတယ်။

အမေရိကန်နိုင်ငံဟာ နေတိုးအဖွဲ့ဝင်များမှတစ်ဆင့် ယူကရိန်းသို့ စစ်လက်နက်တွေ ပေးပို့မယ်လို့ ဒေါ်နယ်ထရမ့်က ပြောကြားပြီးနောက် ရုရှားက အခုလို တိုက်ခိုက်မှုတွေ ပြုလုပ်တာပါ။

ရုရှားက ရက် ၅၀ အတွင်း အပစ်အခတ်ရပ်စဲရေးကို သဘောမတူပါက ရုရှားထုတ်ကုန်တွေ တင် သွင်းတဲ့တိုင်းပြည်တွေကို ပြင်းထန်သော စည်းကြပ်ခွန်တွေ သတ်မှတ်မယ်လို့ ၎င်းက သတိပေးခဲ့ပါ တယ်။

ကိုးကား – NHK
Ref; Russia continues attacks against Ukraine despite Trump’s call for ceasefire