
ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၇ ရက်
နေတိုးမဟာမိတ်တွေနဲ့ ရန်ပုံငွေပံ့ပိုးမှု သဘောတူညီချက်အရ အမေရိကန်နိုင်ငံဟာ ယူကရိန်းသို့ အကြမ်းဖျင်း ဒေါ်လာ ၁၀ ဘီလီယံတန်ကြေးရှိ စစ်လက်နက်တွေ မကြာမီ ထောက်ပံ့မယ်လို့ သိရပါ တယ်။
အမေရိကန်နိုင်ငံက ယူကရိန်းသို့ ထောက်ပံ့မယ့် စစ်လက်နက်တွေထဲမှာ ဒုံးကျည်တွေ၊ လေ ကြောင်းရန်ကာကွယ်ရေးစနစ်တွေနဲ့ အမြောက်ကျည်ဆံတွေ ပါဝင်ပါတယ်။
“စစ်ပွဲ အရှိန်မြှင့်လာမှုကို ရှောင်ရှားဖို့ ကာကွယ်ရေးလက်နက်တွေကိုသာ ယူကရိန်းကို ထောက် ပံ့ဖို့ ကနဉီးမှာ ပြောဆိုခဲ့တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ မူဝါဒအပြောင်းအလဲတစ်ခု ဖြစ်ပါတယ်” လို့ မီဒီယာသတင်းတစ်ခုက ဖော်ပြပါတယ်။
အပစ်အခတ်ရပ်စဲရေးကို ရက် ၅၀ အတွင်း သဘောတူဖို့လည်း ဒေါ်နယ်ထရမ့်က ရုရှားကို အချိန် ပေးခဲ့ပြီး ရုရှားကုန်စည်တွေတင်သွင်းတဲ့ တတိယတိုင်းပြည်တွေကို စည်းကြပ်ခွန် ၁၀၀ ရာခိုင်နှုန်း သတ် မှတ်မယ်လို့ ခြိမ်းခြောက်လိုက်ပါတယ်။
အမေရိကန်နိုင်ငံရဲ့ စစ်လက်နက်တင်ပို့မှုကြောင့် ရုရှားအာဏာရှင် ဗလာဒီမာပူတင်ကို ငြိမ်းချမ်း စွာ အဖြေရှာဖို့ ဖျောင်းဖျနိုင်လိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။
သဘောတူညီချက်အရ အမေရိကန်နိုင်ငံက ယူကရိန်းသို့ စစ်လက်နက်တွေ ပေးပို့ကာ နေတိုးအ ဖွဲ့က ကုန်ကျစရိတ် ကျခံရမယ်လို့ သိရပါတယ်။
ပက်ထရီးယော့ဒုံးခွင်းစနစ်ရှိတဲ့ တိုင်းပြည်တွေက ယူကရိန်းသို့ ယင်းဒုံးခွင်းစနစ် ထောက်ပံ့ပြီး အမေရိကန်နိုင်ငံက အဆိုပါတိုင်းပြည်များသို့ ဒုံးခွင်းစနစ်တွေ ရောင်းချမယ်လို့ ဒေါ်နယ်ထရမ့်က ကြေ ညာခဲ့ပါတယ်။
ကိုးကား – The New Voice of Ukraine
Ref; First batch of NATO-funded U.S. military aid to Ukraine valued at $10 billion