
ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၆ ရက်
ယူကရိန်းက မော်စကိုနဲ့ စိန့်ပီတာစဘတ်မြို့တွေကို တိုက်ခိုက်နိုင်ခြင်း ရှိ မရှိ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယူကရိန်းသမ္မတ ဇီလန်စကီးကို မေးမြန်းခဲ့တယ်လို့ သိရပါတယ်။
“ယူကရိန်းက မော်စကိုနဲ့ စိန့်ပီတာစဘတ်မြို့တွေကို ထိမှန်အောင်ပစ်ခတ်နိုင်သလား” လို့ ရုရှား ခေါင်းဆောင် ဗလာဒီမာပူတင်နဲ့ စိတ်ပျက်ဖွယ်ရာ ဖုန်းပြောဆိုအပြီး တစ်ရက်အကြာ ဇူလိုင်လ ၄ ရက် ဇီ လန်စကီးနဲ့ ဖုန်းပြောဆိုမှုအတွင်း ဒေါ်နယ်ထရမ့်က မေးမြန်းခဲ့တယ်လို့ သတင်းရင်းမြစ်တွေကို ကိုးကား ပြီး the Financial Times က ဖော်ပြပါတယ်။
“အမေရိကန်နိုင်ငံက လက်နက်တွေပေးရင် ကျွန်တော်တို့ မော်စကိုနဲ့ စိန့်ပီတာစဘတ်မြို့တွေကို တိုက်ခိုက်နိုင်ပါတယ်” လို့ တာဝေးပစ်ဒုံးကျည်တေွ ထောက်ပံ့ဖို့ အနောက်နိုင်ငံတွေကို နှစ်ချီ ဖိအားပေးခဲ့ တဲ့ ဇီလန်စကီးက ပြောပါတယ်။
ပက်ထရီးယော့ ဒုံးကျည်ကာကွယ်ရေးစနစ် အပါအဝင် ယူကရိန်းသို့ စစ်လက်နက်တွေထောက်ပံ့ မှု အရှိန်မြှင်မယ့် အမေရိကန်နိုင်ငံအတွက် နေတိုးအဖွဲ့နဲ့ သဘောတူညီချက်တစ်ရပ်ကို ဒေါ်နယ်ထရမ့်က တနင်္လာနေ့မှာ ကြေညာခဲ့ပါတယ်။
သဘောတူညီချက်ထဲမှာ ရုရှားနိုင်ငံအတွင်းထိ တိုက်ခိုက်နိုင်တဲ့ တာဝေးပစ်ဒုံးကျည်တွေလိုမျိုး ထိုးစစ်ဆင်လက်နက်တွေ ပါဝင်မယ်လို့ သိရပါတယ်။
အမေရိကန်နိုင်ငံရဲ့ စစ်လက်နက်တွေကြောင့် မြို့ကြီးတွေကို ဗုံးကြဲရာမှာ အသုံးပြုတဲ့ ရုရှားရဲ့ စစ်လက်နက်တွေကို ယူကရိန်းက တိုက်ခိုက်နိုင်တော့မှာ ဖြစ်ပါတယ်။
ရုရှားက ငြိမ်းချမ်းရေး သဘောတူညီချက်ကို လက်မခံပါက ၁၀၀ ရာခိုင်နှုန်း စည်းကြပ်ခွန်သတ် မှတ်မှု ရင်ဆိုင်ရမယ်လို့ ဒေါ်နယ်ထရမ့်က ရာဇသံပေးခဲ့ပြီး ရုရှားနဲ့ စီးပွားရေးလုပ်တဲ့တိုင်းပြည်တွေကို မြင့်မားတဲ့ စည်းကြပ်ခွန် သတ်မှတ်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။
ယူကရိန်းနိုင်ငံဟာ ပြီးခဲ့တဲ့လအတွင်း “Operation Spiderweb” လို့ခေါ်တဲ့ စစ်ဆင်ရေးနဲ့ ရုရှား အတွင်းပိုင်းအထိ ဒရုန်းတွေသုံးပြီး တိုက်ခိုက်ခဲ့ရာ ရုရှားဗုံးကြဲလေယာဉ် တစ်ဒါဇင်ခန့် ပျက်စီးခဲ့ပါတယ်။
ကိုးကား – New York Post
Ref; Trump asked Zelensky about striking Moscow, making Putin ‘feel the pain’: report