
ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၅ ရက်
ဧရာ၀တီတိုင်း၊ ပုသိမ်မြို့နယ် ၊ ရွှေမြင်တင်ကျေးရွာရှိ မီးသဂြိုလ်စက်တွင် တိုက်ပွဲများအတွင်း ဒဏ်ရာရပြီး သေဆုံးခဲ့သော စစ်ကောင်စီအရာရှိများကို လာရောက်သင်္ဂြိုဟ်နေကြောင်း သိရသည်။
ဒဏ်ရရှိသော စစ်ကောင်စီအရာရှိများကို အနောက်တောင်တိုင်းစစ်ဌာနချုပ်ရှိ မဆရ ၄ ဆေးရုံသို့ ပိုဆောင်ကုသရာမှသေဆုံးသွားသူများကို ပို့ဆောင်သင်္ဂြိုဟ်နေခြင်းဖြစ်ကြောင်း ဒေသခံများထံမှသိရှိရသည်။
“ဒီလအတွင်း စစ်တပ်ကနာရေးချတာငါးလောက်ရှိသွားပြီ ၊ လိုက်ပို့တဲ့ကားက အစီးနှစ်ဆယ်လောက်ရှိတယ် သေတာာအရာရှိပိုင်းတွေ” ဟု ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။
ပြီးခဲ့သည့်မတ်လမှစတင်ပြီး ဧရာ၀တီတိုင်း ငါးသိုင်းချောင်း၊ ရေကြည်၊ လေးမျက်နှာ မြို့နယ်များတွင် အာရက္ခတပ်တော်AAပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့ကြား
တိုက်ပွဲများဆက်တိုက်ဖြစ်ပွားခဲ့ပြီးဒေသခံအချို့စစ်ဘေးတိမ်းရှောင်ခဲ့ရသည်။
လက်ရှိတွင် ကျေးရွာအချို့ကို အာရက္ခတပ်တော် (AA) နှင့်ပူးပေါင်းတပ်များက သိမ်းယူနိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ သေဆုံးဒဏ်ရာရသူများပြားကာဒဏ်ရာပြင်းထန်သည့်အရာရှိအချို့ကိုပုသိမ်စစ်ဆေးရုံသို့ပို့ဆောင်ကုသရာတွင်းသေဆုံးခဲ့ကြခြင်းဖြစ်သည်။
ဓာတ်ပုံ- ပုံဟောင်း