ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၄ ရက်

ယူကရိန်းသို့ ပက်ထရီးယော့ လေကြောင်းရန်ကာကွယ်ရေးစနစ် ပေးပို့ကာ ရုရှားနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုသစ်တွေ ပြုလုပ်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တနင်္ဂနွေနေ့မှာ ပြော ကြားခဲ့ပါတယ်။

“ပက်ထရီးယော့ ဒုံးခွင်းစနစ် ဘယ်လောက်အထိ ပေးပို့မယ်ဆိုတာ သဘောမတူသေးပေမယ့် ယူ ကရိန်းပြည်သူတွေဟာ ကာကွယ်မှုလိုအပ်တာကြောင့် အဲဒီလက်နက်တွေ ပေးပို့မှာပါ” လို့ နယူးဂျာစီ ပြည်နယ်မှာကျင်းပတဲ့ ကမ္ဘာ့ကလပ်အသင်းများ ဗိုလ်လုပွဲ ကြည့်ရှုပြီးအပြန်မှာ သတင်းထောက်တွေကို ၎င်းက ပြောပါတယ်။

ယူကရိန်းနိုင်ငံဟာ ပက်ထရီးယော့ဒုံးခွင်းစနစ်နဲ့ ဒုံးကျည်တွေရရှိဖို့ အမေရိကန်နိုင်ငံနဲ့ သဘော တူညီချက် ရရှိတော့မယ်လို့ ဒီသီတင်းပတ်အစောပိုင်းမှာ ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောပါတယ်။

ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ ဆွေးနွေးရာမှာ စိတ်ပျက်မိတယ်လို့လည်း ဒေါ်နယ်ထရမ့်က ပြောပါတယ်။ “ပူတင်က လူတွေကို အံ့အားသင့်စေပါတယ်။ သူက စကားပြောကောင်းပေမယ့် ညနေခင်း မှာ လူတိုင်းကို ဗုံးကြဲတော့တာပဲ” လို့ သူက ဆိုပါတယ်။

ဒေါ်နယ်ထရမ့်ကို ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့ခွင့်ပြုမယ့် ဥပဒေကြမ်းတစ်ရပ်ကို အမေရိကန် အ ထက်လွှတ်တော်အမတ်တွေက တနင်္ဂနွေနေ့မှာ တင်ပြထားပါတယ်။

အဆိုပါဥပဒေကြောင့် ဒေါ်နယ်ထရမ့်က ပူတင်နဲ့ ရုရှားကျူးကျော်စစ်ကို ကူညီနေတဲ့ တိုင်းပြည် အားလုံးကို အရေးယူနိုင်မယ်လို့ ရီဗက်ပလီပင် အထက်လွှတ်တော်အမတ် လင်ဆေးဂရေဟမ်က ပြောပါ တယ်။

ဂရေဟမ်နဲ့ ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ် ရစ်ချတ်ဘလူးမန်သယ်တို့ဟာ ယနေ့ည ပိုင်းမှာ နေတိုးအဖွဲ့ အတွင်းရေးမှူးချုပ် မတ်ခ်ရုတေးနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။

ကိုးကား – AFP
Ref; Trump says US will send Patriot air defence missiles to Ukraine