
ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၄ ရက်
Exercise Talisman Sabre 2025 လို့ အမည်ပေးထားတဲ့ သြစတြေးလျနိုင်ငံရဲ့ စစ်ရေးလေ့ကျင့်မှု ကို တနင်္ဂနွေနေ့က စတင်လိုက်ပါတယ်။
၁၁ ကြိမ်မြောက် အဆိုပါစစ်ရေးလေ့ကျင့်မှုဟာ သြစတြေးလျနိုင်ငံရဲ့သမိုင်းမှာ အကြီးမားဆုံးနဲ့ ခေတ်အမီဆုံး စစ်ရေးလေ့ကျင့်မှု ဖြစ်ပါတယ်။
ပြီးခဲ့သောသုံးပတ်အတွင်း သြစတြေးလျနဲ့ မိတ်ဖက်နိုင်ငံများမှ တပ်ဖွဲ့ဝင် ၃၅၀၀၀ ကျော်ကို ကွင်းစလန်း၊ မြောက်ပိုင်းနယ်မြေ၊ အနောက်ပိုင်းသြစတြေးလျ၊ နယူးဆောက်ဝေးနဲ့ ခရစ္စမတ်အိုက်လန် ပြည်နယ်များသို့ စေလွှတ်မှာဖြစ်ပြီး ပထမဆုံးအကြိမ်အဖြစ် စစ်ရေးလေ့ကျင့်မှုတွေကို ပါပူအာနယူးဂီနီ မှာ ပြုလုပ်မှာဖြစ်ပါတယ်။
စစ်ရေးလေ့ကျင့်မှုမှာ အမေရိကန်၊ ကနေဒါ၊ ဖီဂျီ၊ ပြင်သစ်၊ ဂျာမနီ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျပန်၊ နယ်သာလန်၊ နယူးဇီလန်၊ နော်ဝေ၊ ပါပူအာနယူးဂီနီ၊ ဖိလစ်ပိုင်၊ တောင်ကိုရီးယား၊ စင်ကာပူ၊ ထိုင်း၊ တွန်ဂါနဲ့ ဗြိတိန်တို့မှ တပ်ဖွဲ့များ ပါဝင်ပြီး မလေးရှားနဲ့ ဗီယက်နမ်က လေ့လာသူတွေအဖြစ် တက်ရောက် ပါတယ်။
စစ်ရေးလေ့ကျင့်မှုမှာ ကျည်အစစ်နဲ့ပစ်ခတ်မှု၊ မြေပြင်လေ့ကျင့်မှု၊ ကမ်းတက်လေ့ကျင့်မှု၊ ဝေဟင် နဲ့ ရေပြင်စစ်ရေးလေ့ကျင့်မှု ပါဝင်ပြီး သြစတြေးလျစစ်တပ်ရဲ့ UH-60M Black Hawks ဒုံးကျည်ပစ်ခတ် မှုတွေ ပါဝင်ပါတယ်။
သြစတြေးလျနိုင်ငံက မည်သည့်ပဋိပက္ခမှာဖြစ်စေ တပ်ဖွဲ့တွေ ကြိုတင်စေလွှတ်ဖို့ ကတိမပြုဘူး လို့ ကာကွယ်ရေးဝန်ကြီး ပတ်ကွန်ရွိုင်းက ပြောပါတယ်။
ထိုင်ဝမ်ပဋိပက္ခဖြစ်လာရင် တပ်ဖွဲ့ဝင်တွေ စေလွှတ်ဖို့ အမေရိကန် လက်ထောက် ကာကွယ်ရေး ဝန်ကြီး အဲလ်ဘရက်ကော်ဘီက သြစတြေးလျနဲ့ဂျပန်ကို ဖိအားပေးနေချိန်မှာ သူက အခုလို မှတ်ချက်ပြု ခဲ့တာပါ။
ထိုင်ဝမ်ကို လက်အောက်ခံပြည်နယ်အဖြစ် တရုတ်က ရှုမြင်ပေမယ့် ထိုင်ဝမ်ကို အဆိုပါပြောဆို ချက်ကို ပယ်ချပြီး အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုလို့ ပြောဆိုပါတယ်။
ကိုးကား – Anadolu
Ref; Australia launches largest-ever war games with 35,000 troops, amid Taiwan conflict concerns