ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၄ ရက်

ယူကရိန်းပဋိပက္ခကို ဖြေရှင်းဖို့ ရုရှားနိုင်ငံရဲ့ လုပ်ဆောင်ချက်အားလုံးကို ခြွင်းချက်မရှိ ထောက်ခံ ဖို့ အဆင်သင့်ရှိတယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လာရော့ဗ်ကို ပြောပါတယ်။

ဆာဂျီလာရော့ဗ်ဟာ ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်မှာ တပ်ဖွဲ့နဲ့ စစ်လက်နက်တွေ ထောက်ပံ့ ပေးခဲ့တဲ့ မြောက်ကိုရီးယားသို့ သုံးရက်ကြာခရီးစဉ် ရောက်ရှိနေပါတယ်။

ကင်ဂျုံအန်ဟာ မြောက်ကိုရီးယားအရှေ့ပိုင်း ဝန်ဆမ်မြို့မှာ ဆာဂျီလာရော့ဗ်နဲ့ တွေ့ဆုံခဲ့ပြီး အ ပြန်အလှန် ကာကွယ်ပေးရေးစာချုပ် အပါအဝင် ပြီးခဲ့တဲ့နှစ်အတွင်း လက်မှတ်ရေးထိုးခဲ့တဲ့ မိတ်ဖက်သ ဘောတူညီချက်အရ ပူးပေါင်းဆောင်ရွက်ဖို့ ကတိပြုခဲ့ပါတယ်။

“ယူကရိန်းပဋိပက္ခ ဖြစ်ပွားရတဲ့အကြောင်းရင်းနဲ့ပတ်သက်လို့ ရုရှားခေါင်းဆောင်ပိုင်းက လုပ် ဆောင်တဲ့ အစီအမံအားလုံးကို ခြွင်းချက်မရှိ ထောက်ခံဖို့ မြောက်ကိုရီးယားနိုင်ငံက အဆင်သင့်ရှိတာကို ကင်ဂျုံအန်က ထပ်လောင်းအတည်ပြုခဲ့ပါတယ်” လို့ နိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြပါတယ်။

ဆာဂျီလာရော့ဗ်ဟာ အစောပိုင်းမှာ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ချိုဆွန်ဟွီနဲ့ တွေ့ဆုံ ဆွေးနွေးကာ အချုပ်အခြာအာဏာနဲ့ ပိုင်နက်နယ်မြေတည်တံ့မှုကို ကာကွယ်ဖို့ ကတိပြုတဲ့ ပူးတွဲ ထုတ် ပြန်ချက်ကို ထုတ်ပြန်ခဲ့ပါတယ်။

ရုရှားနိုင်ငံသို့ တပ်ဖွဲ့တွေ စေလွှတ်မှုအတွက် ကင်ဂျုံအန်ကို ကျေးဇူးတင်ရှိကြောင်း ဆာဂျီလာ ရော့ဗ်က ပြောကြားခဲ့တယ်လို့ ရုရှားနိုင်ငံပိုင်မီဒီယာက ဖော်ပြပါတယ်။

ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ် စတင်ပြီးနောက်ပိုင်း ရုရှားနဲ့မြောက်ကိုရီးယားကြား ဆက်ဆံ ရေး ခိုင်မာလာခဲ့ပြီး ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်ကို ထောက်ခံဖို့ မြောက်ကိုရီးယားက တပ်ဖွဲ့ဝင် ၁၀၀၀၀ ကျော်နဲ့ စစ်လက်နက်တွေ ထောက်ပံ့ခဲ့ပါတယ်။

ရုရှားနိုင်ငံအနောက်ပိုင်း ကာတ်စ်ဒေသရှိ ပြန်လည်တည်ဆောက်ရေးမှာ ကူညီဖို့ စစ်ဘက်အင် ဂျင်နီယာ ၆၀၀၀ ခန့် စေလွှတ်ဖို့ မြောက်ကိုရီးယားအစိုးရက ကတိပြုခဲ့ပါတယ်။

ကိုးကား – Reuters
Ref; North Korean leader Kim reaffirms support for Russia in Ukraine conflict, KCNA says