
ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၃ ရက်
ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ စစ်ကောင်စီ၏ ခံစစ်တပ်စခန်းကြီးတစ်ခုဖြစ်သည့် ဥကရစ်ထစခန်းမှ ရရှိလာသည့် လက်နက်ခဲယမ်းများကို Cobra Column မှ ထုတ်ပြန်သည်။
ယမန်နေ့ ဇူလိုင် ၁၂ ရက်နေ့တွင် မြဝတီမြို့ ထိုင်း- မြန်မာနယ်စပ်ရှိ စစ်ကောင်စီ၏ ဥကရစ်ထတပ်စခန်း ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ( PDF) ဗျူဟာ ၃၂ တော်လှန်ရေးတပ်ဖွဲ့များ၊ VENOM စစ်ကြောင်း၊ Cobra Column 1၊ တပ်ခွဲ ၂ (PKYY)တို့နှင့် ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ခဲ့ရာ ၆၀ မမအပါအဝင် လက်နက်ကြီးနှင့် အခြားလက်နက်ခဲယမ်း အများအပြားကို သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။
အဆိုပါစခန်းကို ဝင်ရောက်တိုက်ခိုက်စဉ် စစ်ကောင်စီ တပ်မှ တပ်ဖွဲ့ဝင် ၁၀၀ နီးပါးသည် ထိုင်းနိုင်ငံဘက်သို့ ဝင်ရောက်ထွက်ပြေးသွားကြကြောင်း သတင်းရင်း မြစ်များထံမှ သိရသည်။
KNLA ပူးပေါင်းတပ်ဖွဲ့အနေဖြင့် မြဝတီမြို့ ထိုင်း- မြန်မာနယ်စပ်တစ်လျှောက်ရှိ စစ်ကောင်စီတပ် စခန်းများကို ဆက်တိုက်သိမ်းပိုက်လာခဲ့ရာ ဝေါ်လေဗျူဟာနှင့် တီသဲလယ်တပ်စခန်းနှစ်ခုတို့သာ သိမ်းပိုက်ရန်ကျန်ရှိတော့ပြီး အဆိုပါ တပ်စခန်းနှစ်ခုသိမ်းပိုက်ပြီးပါက နယ်စပ်တစ်လျှောက်တွင် စစ်ကောင်စီတပ်စခန်းများ ကျန်ရှိတော့မည်မဟုတ်ကြောင်း သိရသည်။
KNLA နှင့် ပူးပေါင်းတပ်ဖွဲ့တို့သည် ယခုနှစ် မတ်လမှ ဇူလိုင်လ ငါးလအတွင်း ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီ၏ ပူးလူးတူ၊ ခလယ့်ဒေး၊ တခေါဘီခွီး၊ မော်ဖားသူး၊ တာလယ်စခန်း၊ မလတပ်စခန်းတို့နှင့် မေလ နောက်ဆုံးပတ်အတွင်း ဘလယ်ဒို၊ မော်ခီး၊ ဘုရင့်နောင်စခန်းကုန်း၊ ကနဲလေးနှင့် ရွှေအေးမြိုင် တပ်စခန်းတို့ကို KNLA ပူးပေါင်းတပ်က ဆက်တိုက်သိမ်း ပိုက်နိုင်ခဲ့သည်။
ဆက်လက်ပြီး ဇွန် ၃ ရက်နေ့တွင် သေ့ဘောဘိုးစခန်း၊ ဇွန် ၂၂ ရက်တွင် ထီးကပလယ်စခန်းနှင့် ဇူလိုင် ၁၂ ရက်နေ့တွင် ဥကရစ်ထစခန်းတို့ကို တိုက်ခိုက်သိမ်း ပိုက်နိုင်ခဲ့ပြီး ဝင်ရောက်တိုက်ခိုက်ချိန်များတွင် စစ်ကောင်စီတပ်သားများသည် စခန်းစွန့်ခွာ၍ ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးဝင်ရောက်ခဲ့ကြသည်။
ဓာတ်ပုံ- #Cobra Column