ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၁ ရက်

သမ္မတ ဒေါ်နယ်ထရမ့်အစိုးရက ယူကရိန်းသို့ အရေးပါတဲ့ လက်နက်အချို့ တင်ပို့မှု ရပ်ဆိုင်းခဲ့ပြီး ရက်အနည်းငယ်အကြာမှာ အမေရိကန်နိုင်ငံက ယူကရိန်းသို့ အမြောက်ကျည်ဆံနဲ့ ဒုံးကျည်တွေ ပေးပို့ နေတယ်လို့ အမေရိကန် တာဝန်ရှိသူနှစ်ဉီးက ပြောပါတယ်။

လက်ရှိမှာ ၁၅၅ မီလီမီတာ အမြောက်ကျည်ဆံနဲ့ GMLRS ဒုံးကျည်တွေ ယူကရိန်းသို့ ထောက်ပံ့ လျက်ရှိတယ်လို့ အမည်မဖော်လိုတဲ့ အမေရိကန် တာဝန်ရှိသူတွေက ပြောပါတယ်။

ယူကရိန်းသို့ လက်နက်ဘယ်လောက်အထိ တင်ပို့ခဲ့တယ်ဆိုတဲ့ လက်နက်တင်ပို့မှု ပြီးစီးခြင်း ရှိ မ ရှိကို အမေရိကန် တာဝန်ရှိသူတွေက မပြောကြားခဲ့ပေ။

ဒုံးခွင်းစနစ် အပါအဝင် အရေးပါတဲ့ စစ်လက်နက်တင်ပို့မှုတွေအတွက် အမေရိကန်နိုင်ငံနဲ့ ဆက် သွယ်မှု တိုးချဲ့ဖို့ အမိန့်ပေးခဲ့တယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောပါတယ်။

ယူကရိန်းသို့ ပက်ထရီးယော့ဒုံးကျည်တွေ ပေးပို့ဖို့ စဉ်းစားမယ်လို့ ဒေါ်နယ်ထရမ့်က ပြောပေမယ့် ဘယ်အချိန်မှာ ပေးပို့မယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

ပြီးခဲ့တဲ့အပတ်က ရပ်ဆိုင်းခဲ့တဲ့ လက်နက်တင်ပို့မှုထဲမှာ ပက်ထရီးယော့ဒုံးကျည် ၃၀၊ ၁၅၅ မီလီမီ တာအမြောက်ကျည် ၈၅၀၀၊ GMLRS ဒုံးကျည် ၂၅၀ ကျော်နဲ့ Hellfire ဝေဟင်-မြေပြင်ခွင်းဒုံးကျည် ၁၄၂ စင်းတို့ ပါဝင်ခဲ့ပါတယ်။

ရုရှားရဲ့ ဒရုန်းနဲ့ဒုံးကျည် တိုက်ခိုက်မှုတွေကို ကာကွယ်ဖို့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ ပိုမို လိုအပ်တယ်လို့ ယူကရိန်းနိုင်ငံက ပြောကြားထားပါတယ်။

ကိုးကား – Reuters
Ref; US military delivering some weapons to Ukraine after pause