
ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၀ ရက်
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်း စစ်အုပ်ချုပ်ရေး ခဏတာ ကြေညာခဲ့ချိန် အထူးတာဝန်တွေကို ကဖျက်ယဖျက်လုပ်ခြင်း သံသယ၊ အခြားပုဒ်မတွေနဲ့ တောင်ကိုရီးယား အထူးတရားစွဲဆိုရေးအဖွဲ့က သမ္မတဟောင်း ယွန်ဆတ်ယိုလ်ကို ယနေ့ ဒုတိယအကြိမ် ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
ပုန်ကန်မှုတစ်ခုကို ဉီးဆောင်မှုစွဲချက်နဲ့ ယွန်ဆတ်ယိုလ်ဟာ ဇန်နဝါရီလအတွင်း ဖမ်းဆီးခံခဲ့ရပြီး တရားစွဲဆိုခံခဲ့ရတာပါ။ သူ့ကို မတ်လအတွင်း ပြန်လွှတ်ပေးခဲ့ပေမယ့် တရားရုံးစစ်ဆေးမှု ဆက်ရှိခဲ့ပါ တယ်။
ဇွန်လအတွင်း သမ္မတ လီဂျေမြောင် အာဏာရရှိလာပြီးနောက် အထူး စစ်ဆေးရေးအရာရှိတွေ ခန့်အပ်ကာ အစိုးရရဲ့ အမှီအခိုကင်းတဲ့ စုံစမ်းစစ်ဆေးမှုတစ်ခု စတင်ခဲ့ပါတယ်။
အဆိုပါအဖွဲ့က ယွန်ဆတ်ယိုလ်အား ဖမ်းဝရမ်းထုတ်ကာ သမ္မတဟာ ဇန်နဝါရီလအတွင်း သူ့ကို ဖမ်းဆီးမှုကိုကာကွယ်ပေးဖို့ သမ္မတရုံး လုံခြုံရေးတပ်ဖွဲ့ကို ညွှန်ကြားခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။
ယွန်ဆတ်ယိုလ်အား လူကိုယ်တိုင် မေးမြန်းပြီးနောက် ဖမ်းဝရမ်း ထုတ်ခဲ့ကြောင်း၊ ယွန်ဆတ် ယိုလ်က အထောက်အထားတွေကို ဖျက်ဆီးခဲ့ဖွယ်ရှိကြောင်း တရားရုံးတစ်ရုံးက ကြာသပတေးနေ့ အ စောပိုင်းမှာ ကြေညာခဲ့ပါတယ်။
ယွန်ဆတ်ယိုလ်က စွပ်စွဲချက်ကို ငြင်းဆန်ကာ စုံစမ်းစစ်ဆေးမှုဟာ မှားယွင်းနေပြီး နိုင်ငံရေး ရည်ရွယ်ချက်တွေအပေါ် အခြေခံနေတယ်လို့ ပြောပါတယ်။
ယွန်ဆတ်ယိုလ်ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလအတွင်း မြောက်ကိုရီးယားသို့ ဒရုန်းတွေ ပို့ ဆောင်ဖို့ ညွှန်ကြားခဲ့တယ်လို့ မီဒီယာသတင်းတွေက ဖော်ပြပါတယ်။
စစ်အုပ်ချုပ်ရေးကြေညာမှု မှန်ကန်ကြောင်းထင်ရှားစေနိုင်ဖို့ ပြည်ပမှ တိုက်ခိုက်မှုနဲ့ ရန်စလာ အောင် ယွန်ဆတ်ယိုလ်က ကြိုးစားခဲ့တယ်လို့ သံသယရှိနေတယ်လို့ မီဒီယာတွေက ဆိုပါတယ်။
ကိုးကား – NHK
Ref; Ex-South Korean President Yoon arrested for 2nd time