
ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၀ ရက်
ရွေးကောက်ပွဲကျင်းပနိုင်မယ့် ပတ်ဝန်းကျင်တစ်ခု ဖန်တီးဖို့ မြန်မာနိုင်ငံရှိ အဖွဲ့အစည်းအားလုံး ကို မလေးရှား နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟတ်ဆန်က ဇူလိုင်လ ၉ ရက်မှာ တောင်းဆိုခဲ့ပါတယ်။
ဒီမိုကရေစီလုပ်ငန်းစဉ် ခိုင်မာစေဖို့ အထောက်အကူပြုမယ့် တည်ငြိမ်သော၊ ငြိမ်းချမ်းသော ဝန်း ကျင်တစ်ခု ကတိပြုကြဖို့ ကွာလာလမ်ပူမြို့တော်မှာကျင်းပတဲ့ ၅၈ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးမှာ ၎င်းက တိုက်တွန်းခဲ့ပါတယ်။
သူ့ရဲ့မှတ်ချက်ဟာ အာဆီယံဉက္ကဌ မလေးရှားနိုင်ငံက စစ်တပ်အုပ်ချုပ်တဲ့ မြန်မာနိုင်ငံမှာ ရွေး ကောက်ပွဲကျင်းပဖို့ အစီအစဉ်ကို ထောက်ခံတဲ့ အရိပ်အယောင်ပြခြင်း ဟုတ် မဟုတ် မသိရပေ။
သူ့ရဲ့ထုတ်ပြန်ချက်ဟာ ငြိမ်းချမ်းရေးမရမီ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကျင်းပဖို့ ဉီးစားမပေး သင့်ဘူးဆိုတဲ့ မလေးရှားနိုင်ငံရဲ့ ဉက္ကဌတာဝန်ယူမှုအောက်မှာ အာဆီယံအဖွဲ့ရဲ့ ယခင်ရပ်တည်ချက် ပြောင်းလဲသွားခြင်း ဟုတ် မဟုတ်လည်း မရှင်းလင်းပေ။
အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ စည်းလုံးညီညွတ်ကြဖို့နဲ့ ပိုမို ကြံ့ကြံ့ခံနိုင်သော အာဆီယံဒေသတစ်ခု တည်ဆောက်ရေး ကြိုးပမ်းကြဖို့ မိုဟာမက်ဟတ်ဆန်က တောင်းဆိုခဲ့ပါတယ်။
“ရာသီဉတုပြောင်းလဲမှု၊ နည်းပညာဆိုင်ရာပြတ်တောက်မှု၊ မြင့်တက်လာသော ကမ္ဘာလုံးဆိုင်ရာ နှစ်ခြမ်းကွဲမှုလိုမျိုး ခြိမ်းခြောက်မှုအသစ်တွေကို ဖြေရှင်းရာမှာ အာဆီယံဒေသဟာ မဟာဗျူဟာမြောက် လုပ်ပိုင်ခွင့်နဲ့ စုပေါင်း အရေးယူမှု ထိန်းထားရပါမယ်” လို့ သူက ဆိုပါတယ်။
ကိုးကား – Reuters
Ref; Malaysia urges all Myanmar groups to create conducive environment for election